ရာနေးရာနီ

October 14, 2019

ဆမ်ဒိုးရီးယားနည်းပြရာထူးဖြင့် ဘောလုံးလောကထဲ ပြန်ဝင်လာသည့် ရာနေးရာနီ

ဝါရင့်နည်းပြကြီး ကလောက်ဒီယို ရာနေးရာနီဟာ စီးရီးအေကလပ် ဆမ်ဒိုးရီးယားအသင်းနဲ့ နှစ်နှစ်စာ ချုပ်ချုပ်ဆိုပြီး နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။  ရာနေးရာနီဟာ အူစီဘီယို ဖရန်ဆက်စကို နေရာကို အစားထိုးဝင်ရောက်ခဲ့တာဖြစ်ပြီး သူဟာ ရိုးမားအသင်းမှာလည်း ဖရန်ဆက်စကိုနေရာကို အစားဝင်ခဲ့ရပါတယ်။  ချဲလ်ဆီး၊ လက်စတာအသင်းတို့ရဲ့ နည်းပြဟောင်း ရာနေးရာနီဟာ ရိုးမားအသင်းကို ပြီးခဲ့တဲ့ရာသီရဲ့ နောက်ဆုံးသုံးလတာဝန်ယူခဲ့ရတာဖြစ်ပြီး အဲ့ဒီမတိုင်ခင် ဖေဖော်ဝါရီလမှာ ဖူလ်ဟမ်အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပါတယ်။  ဆမ်ဒိုးရီးယားအသင်းဟာ နည်းပြဟောင်းလက်ထက် အခုရာသီမှာ ရလဒ်တွေဆိုးရွားခဲ့ပြီး ရှစ်ပွဲကစားပြီးချိန်မှာ နှစ်ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။  အဲဒါကြောင့် ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ သူ့ကိုရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပြီး ရာနေးရာနီနဲ့ အစားထိုး ခဲ့တာဖြစ်ပါတယ်။  အခုရာထူးဟာ ရာနေးရာနီရဲ့ နည်းပြသက်တမ်းတစ်လျှောက် အကြိမ် ၂၀ မြောက် တာဝန် ထမ်းဆောင်မှုဖြစ်ပြီး ဒီအတောအတွင်းမှာ ကလပ်အသင်း ၁၆ သင်းနဲ့ ဂရိလက်ရွေးစင် အသင်းတို့ကို တာဝန်ယူခဲ့ရသူဖြစ်ပါတယ်။  ဆမ်ဒိုးရီးယား နည်းပြသစ်ဟာ သူ့နည်းပြသက်တမ်းအတွင်း အီတလီအသင်း ကိုးသင်း အထိကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး နည်းပြဘဝရဲ့ အကောင်းဆုံး အောင်မြင်မှုကို ပရီးမီးယားလိဂ်ကလပ် လက်စတာ အသင်းနဲ့အတူ ရရှိခဲ့သူဖြစ်ပါတယ်။  ၂၀၁၅-၁၆ ရာသီမှာ ရာနေးရာနီရဲ့လက်စတာအသင်းဟာ ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းကြီး   တွေကိုကျော်ဖြတ်ပြီး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး နေးရာနီလည်း သူ့နည်းပြသက်တမ်းတစ်လျှောက်အချို   မြိန်ဆုံး မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။
2 years Ago
Up