ရာထောင်ချီတဲ့ စစ်သား

February 20, 2020

ရာဇဝတ်ဂိုဏ်းများကို တိုက်ခိုက်ရန် စစ်သားထောင်ချီ အယ်လ်ဆာဗေဒိုသမ္မတ စေလွှတ်

အယ်လ်ဆာဗေဒိုနိုင်ငံအတွင်း ရာဇဝတ်ဂိုဏ်းတွေကို တိုက်ခိုက်ဖို့ သမ္မတ နာယစ်ဘ် ဘူခေလေက ရာထောင်ချီတဲ့ စစ်သားတွေကို ဖေဖော်ဝါရီ ၁၈ ရက်က စေလွှတ်လိုက်ပါတယ်။ လုံခြုံရေးစီမံကိန်းအတွက် လွှတ်တော်အမတ်တွေကို ဖိအားပေးဖို့ စစ်တပ်အင်အား အလွန်ကျွံ သုံးတယ်ဆိုတဲ့စွဲချက်ကို လွှတ်တော်ထဲမှာ ရင်ဆိုင်ရအပြီးမှာ ခုလို စေလွှတ်လိုက်တာပါ။  ရာဇဝတ်ဂိုဏ်းတွေနဲ့ တိုက်ပွဲဝင်နေတဲ့ နဂိုရှိပြီးသား စစ်သည် ၈၆၀၀ နဲ့အတူ နောက်တိုး စစ်သည် ၁၄၀၀ က သွားရောက် ပူးပေါင်းမှာပါ။ သမ္မတဟာ ဖေဖော်ဝါရီ ၉ ရက်က အောက်လွှတ်တော် သမ္မတအတွက်ထားတဲ့ ထိုင်ခုံမှာ ဝင်ထိုင်ပြီး တိုက်ပွဲဝင် ဝတ်စုံပြည့် စစ်သည်တွေလို လက်ကိုယှက်ထားရင်း ဆုတောင်းခဲ့ပါသေးတယ်။ သူ သမ္မတဖြစ်လာတည်းက နိုင်ငံတွင်း လူသတ်မှုနှုန်း ကျဆင်းခဲ့တာပါ။ ဒါပေမယ့် လူသတ်မှုနှုံးကတော့ မြင့်နေဆဲ ဖြစ်ပါတယ်.  အယ်လ်ဆာဗေဒိုး စစ်သည်တွေဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေတည်းက လုံခြုံရေးအတွက် အလုပ်လုပ်နေခဲ့ရလို့ လူ့အခွင့်အရေးအုပ်စုတွေက အမြင် မကြည်ကြပါဘူး။
1 year Ago
Up