ရာထူးမှဆင်းပေး

November 13, 2020

အာမေးနီးယားဝန်ကြီးချုပ် ရာထူးမှဆင်းပေးရန် နိုင်ငံသားများ တောင်းဆို

သီတင်းပတ် ၆ပတ်ကြာ တိုက်ပွဲအပြီး နာဂေါ်နို ခါရာဘတ် ဒေသအတွင်း အဇာဘိုင်ဂျန် စစ်တပ်က ထိုးစစ်ဆင်ပြီး ပိုင်နက်အသာရသွားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့လို့ အာမေးနီးယားဝန်ကြီးချုပ် ရာထူးက ဆင်းပေးဖို့ ထောင်ချီတဲ့ အာမေးနီးယား ဆန္ဒပြသူတွေက နိုဝင်ဘာ ၁၁ ရက်မှာ တောင်းဆိုခဲ့ကြပါတယ်။ အင်္ဂါနေ့မှာ ကြေညာတဲ့ အပစ်အခတ် ရပ်စဲရေးဟာ ဒေသတွင်း ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး တိုက်ပွဲတွေကို အဆုံးသတ် ပေးခဲ့တာပါ။ အဇာဘိုင်ဂျန်ကတော့ အောင်ပွဲ ခံခဲ့ပါတယ်။ ရွေးချယ်စရာ မရှိလို့ အရှုံးကို တွန်းလှန် ပယ်ရှားဖို့ လက်မှတ်ထိုးခဲ့ရတယ်လို့ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ လူထောင်ပေါင်းများစွာက မြို့တော်မှာ ဆန္ဒပြဖို့ လမ်းပေါ် ချီတက်ရင်း စစ်ဥပဒေ ချမှတ်ထား တာကို အာခံခဲ့ကြသလို ဆန္ဒပြသူတချို့ကတော့  အစိုးရအဆောက်အအုံ တချို့ကို ဝင်ရောက်စီးနင်း ဖျက်ဆီးခဲ့ပါတယ်။
2 years Ago
Up