ရာထူးမှထုတ်ပယ်ခံရမည်ကို မစိုးရိမ်ဟု ချဲလ်ဆီးနည်းပြ ပြော

October 24, 2017

ရာထူးမှထုတ်ပယ်ခံရမည်ကို မစိုးရိမ်ဟု ချဲလ်ဆီးနည်းပြ ပြော

နည်းပြရာထူးကနေ ထုတ်ပယ်ခံရမှာကို စိုးရိမ်မှုမရှိဘူးလို့ ချဲလ်ဆီးနည်းပြ ကွန်တီက ပြောလိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဝတ်ဖို့ဒ်အသင်းကို အနိုင်မရခင်မှာ ၃ ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာကြောင့် နည်းပြကွန်တီရဲ့ အနာဂတ် မရေမရာ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ဝတ်ဖို့ဒ်အသင်းကို နောက်ကျဂိုးတွေနဲ့အတူ ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ဖိအားလျော့သွားတာလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်း တာဝန်ရှိသူတွေဟာ ၃ ပွဲဆက် နိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခြင်းမရှိတဲ့ နည်းပြတွေကို ထုတ်ပယ်ဖူးတာတွေရှိပြီး အဲဒီနည်းပြတွေလို ထုတ်ပယ်ခံရမှာကို မစိုးရိမ်ဘူးလို့ ကွန်တီက ဆိုပါတယ်။ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ ချဲလ်ဆီအသင်းဟာ ၉ ပွဲကစားအပြီးမှာ ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးနဲ့ ၉ မှတ် ကွာဟနေပါတယ်။
4 years Ago
Up