ရာထူးက ဆိုင်းငံ့ခံ ဖီဖာအတွင်းရေးမှူး အီးမေးလ် ဆွစ်စုံစမ်းစစ်ဆေးသူများ စစ်ခွင့်ရ

September 25, 2015

ရာထူးက ဆိုင်းငံ့ခံ ဖီဖာအတွင်းရေးမှူး အီးမေးလ် ဆွစ်စုံစမ်းစစ်ဆေးသူများ စစ်ခွင့်ရ

ကမ္ဘာဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ရာထူးကနေ ဆိုင်းငံ့ထားတဲ့ အတွင်းရေးမှူး ဂျရုန်းဗာခီရဲ့ အီးမေးလ်တွေကို စစ်ဆေးဖို့ ဆွစ်စုံစမ်းစစ်ဆေးသူတွေကို ခွင့်ပြုလိုက်ပါတယ်။ သတင်းစာတွေက ကမ္ဘာဖလားဘောလုံးပွဲလက်မှတ်တွေကို သတ်မှတ်ဈေးနှုန်းထက် ပိုရောင်းတယ်လို့ ဗာခီကို စွပ်စွဲခဲ့ပါတယ်။ ဆွစ်ဇာလန် အထွေထွေရှေ့နေချုပ်ရုံးကတော့ သူအီးမေးလ်တွေကို ၂၀၁၅ မေလကတည်းက ပေးထားခဲ့ပြီး ဖြစ်သလို ၂၀၀၇ ခုနှစ် ဖီဖာအတွင်းအရေးမှူးအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဗာခီပို့တဲ့ အီးမေးလ်တွေကို စုံစမ်းသူတွေက ရရှိတော့မှာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ဗာခီကို ရာထူးကနေ ဆိုင်းငံ့ထားပြီး တာဝန်တွေကို ရပ်ဆိုင်းထားပါတယ်။ ဖီဖာ အဖွဲ့ဝင်တွေရဲ့ အကျင့်ပျက်ခြစားမှုကိစ္စရပ်တွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဖီဖာ အမှုဆောင် အကြီးအကဲ ၇ ဦးကို ဖမ်းဆီးထားပါတယ်။ ဒီ၇ ဦးနဲ့ တခြား ဖီဖာ အရာရှိတွေကို အမေရိကန်ပြည်ထောင်စုက အကျင့်ပျက်ခြစားမှုတွေနဲ့ စွဲဆိုထားပါတယ်။
6 years Ago
Up