အာဖဂန်နစ္စတန်မှာ တရားလက်လွတ်သတ်ဖြတ်မှုတွေနဲ့ပတ်သက်လို့ သြစတြေးလျ အထူးတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်းကို ရာထူးက ထုတ်ပယ်မယ်လို့ ABC သတင်းဌာနက ဖော်ပြပါတယ်။
လက်ရှိတာဝန်ထမ်းဆဲ စစ်သား ၁၀ ယောက်ကို ရာထူးက ထုတ်ပယ်မယ်ဆိုပြီး တရားဝင် အကြောင်းကြားထားတယ်လို့ ABC က ပြောဆိုပါတယ်။
သူတို့ ဘယ်သူဆိုတာကို ABC က မထုတ်ပြန်ပေမယ့် အားလုံးဟာ မျက်မြင်တွေ ဒါမှမဟုတ် ပြစ်မှုကျူးလွန်ရာမှာ ကူညီသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပြီး သူတို့ ၁၀ ယောက်ဟာ တရားစွဲဆိုမယ့် စစ်သား ၁၉ ယောက်ထဲမှာ မပါဘူးလို့ လည်း သိရပါတယ်။
ABC ရုပ်သံ ပြောကြားချက်နဲ့ပတ်သက်ပြီး သြစတြေးလျကာကွယ်ရေးဌာနကို ဆက်သွယ်မေးမြန်းရာမှတော့ ချက်ချင်း မဖြေကြားခဲ့ပါဘူး။
တာလီဘန်တွေကို တိုက်ထုတ်ဖို့ အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ အတူသွားရောက်ခဲ့တဲ့ သြစတြေးလျ တပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ ကလေးငယ်တွေ အပါအဝင် အပြစ်မဲ့ လယ်သမား၊ အရပ်သား ၃၉ ယောက် သေဆုံးခဲ့တယ်လို့ သြစတြေးလျကာကွယ်ရေးဌာနက ပြီးခဲ့တဲ့ သီတင်း ပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။
5 months Ago