ကိုဆိုဗိုသမ္မတ ဟာရှင်သာစီဟာ စစ်ရာဇဝတ်မှု စွဲချက်အတင်ခံရတာကို သိရှိပြီးနောက် နိုဝင်ဘာ ၅ ရက်က သမ္မတ ရာထူးကနေ နုတ်ထွက် ခဲ့ပါတယ်။
ကိုဆိုဗိုအရေးတော်ပုံကို စုံစမ်းနေတဲ့ အထူးရှေ့နေရုံးက သမ္မတ သာစီကို လူသတ်မှု ၁၀၀ နီးပါး အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပြီးခဲ့တဲ့ ဇွန်လ တုန်းက စွဲချက်တင်ခဲ့တာပါ။
ကိုဆိုဗိုလွတ်လပ်ရေး ရစေတဲ့ တော်လှန်ရေးအတွင်း ကိုဆိုဗိုလွတ်မြောက်ရေးတပ် (KLA) ပြောက်ကျားတွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို ၂၀၁၅ ခုနှစ်တုန်းက The Hague မြို့မှာ ကိုဆိုဗိုတရားရုံးကို တည်ထောင်ပြီး စစ်ဆေးခဲ့ပါတယ်။
KLA ပြောက်ကျားတွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေဟာ ဥရောပ လူ့အခွင့်အရေး ကောင်စီရဲ့ ၂၀၁၁ အစီရင်ခံစာနဲ့ အတူ ပေါ်ပေါက်လာခဲ့တာပါ။
အဲဒီအစီရင်ခံစာက ၁၉၉၈-၉၉ ပဋိပက္ခကာလအတွင်း KLA ပြောက်ကျားတွေက အရပ်သား ဆာ့ဘ်တွေနဲ့ အယ်ဘေးနီးယန်းမျိုးနွယ်စု နိုင်ငံရေး အတိုက်အခံတွေကို သတ်ဖြတ်ခဲ့ တယ်ဆိုပြီး စွပ်စွဲထားပါတယ်။
ကိုဆိုဗိုတရားရုံးက သူ့အပေါ် တင်ထားတဲ့ စွဲချက်အတည်ပြုလိုက်တာကို လအနည်း ငယ်ခန့်က သူသိရှိခဲ့တယ်လို့ ကိုဆိုဗိုသမ္မတ သာစီက နိုဝင်ဘာလ ၅ ရက်မှာပြောပါတယ်။
ကိုဆိုဗိုသမ္မတ တစ်ဦးအနေနဲ့တရားရင်ဆိုင်ဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်တာကြောင့် ကတိ ပေးထားတဲ့အတိုင်း ဒီနေ့ပဲ သမ္မတ ရာထူးကနေ နုတ်ထွက်တယ်လို့ သမ္မတသာစီက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
3 months Ago