ရာဂျုလိုဗစ်

October 20, 2019

မြန်မာ့လက်ရွေးစင်အသင်း နည်းပြ ရာဂျုလိုဗစ်ကို ထုတ်ပယ်

လက်ရှိ မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းကို ကိုင်တွယ်နေတဲ့ မွန်တီနီဂရိုးနည်းပြ ရာဂျူလိုဗစ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အမှတ်မထင် စာချုပ်ဖျက်သိမ်း ထုတ်ပယ်လိုက်ပါတယ်။ ရာဂျူလိုဗစ်ဟာ မြန်မာ့ဘောလုံးသမိုင်းတလျှောက်မှာ လုပ်ခလစာ အများဆုံးရရှိတဲ့ နည်းပြတဦး ဖြစ်ခဲ့ပေမယ့် ရလဒ်တွေ ဆိုးရွားနေတာကြောင့် ရက်ပေါင်း ၁၈၀ အကြာမှာ ထုတ်ပယ်ခံလိုက်ရတာပါ။  သူ့နေရာမှာ မြန်မာ့ဘောလုံးလောကနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဂျာမန်လူမျိုးနည်းပြ အန်တိုနီဟေးနဲ့ လက်ထောက်နည်းပြအဖြစ် ဦးကြည်လွင်တို့ကို ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။ ရာဂျူလိုဗစ်ဟာ သူကိုင်တွယ်ခဲ့တဲံ့ ပွဲစဉ်အများစုမှာ နိုင်ပွဲပျောက်ဆုံးခဲ့သလို ကမ္ဘာ့ဖလားခြေစစ်ပွဲ ကာဂျစ်စတန်နဲ့ ပွဲစဉ်မှာလည်း ၇ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့ကြောင့် မြန်မာနိုငငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ် ကော်မတီအနေနဲ့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ မြန်မာအသင်း ယှဉ်ပြိုင်ခဲ့တာတွေ  ပြန်လည်လေ့လာ သုံးသပ်ခဲ့ပြီး စာချုပ်ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ Photo : Myanmar Football Federation
2 years Ago
Up