ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်း တရုတ်နိုင်ငံကြီးရဲ့ ဂျီဒီပီ ပြည်တွင်းထုတ်ကုန် ပမာဏဟာ မျော်လင့်ထားတဲ့အတိုင်း ၆ ဒသမ ၇ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း အမျိုးသားစာရင်း အင်းဌာန အန်ဘီအက်စ် အကြီင်္းအကဲက ဇန်န၀ါရီ ၂၀ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ဒါဟာ မူလမျှော်မှန်းချက်ဖြစ်တဲ့ ၆ ဒသမ ၅ ရာခိုင်နှုန်း နဲ့ ၇ ရာခိုင်နှုန်း ကြားမှာ ကျရောက်နေတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အန်ဘီအက်စ် အကြီင်္းအကဲက “တိုင်းပြည်ရဲ့စီးပွားရေးဟာ တည်တည်ငြိမ်ငြိမ်နဲ့ မှန်မှန်တိုးတက်နေပါတယ်။
ဒါဟာ ၁၃ ကြိမ်မြောက် ၅ နှစ်စီမံကိန်းကို ပြည့်မီနိုင်တဲ့ ကောင်းမွန်တဲ့ အစပျိုးမှုဖြစ်ပါတယ်။
ပြည်တွင်းထုတ်ကုန်ပမာဏဟာ ယွမ်ငွေ ၇၄ ဒသမ ၁၄ ထရီလီယမ် ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅-နဲ့ နှိုင်းယှဉ်ရင် ၆ ဒသမ ၇ ရာခိုင်နှုန်း ကျော် တိုးလာပါတယ်။
၎ လတကြိမ်နှုန်းနဲ့ အတိအကျပြောမယ်ဆိုရင် ပထမ ၄ လပတ်မှာ ၆ ဒသမ ၇ ရာခိုင်နှုန်း၊ ဒုတိယ ၄ လပတ်မှာ ၆ ဒသမ ၇ ရာခိုင်နှုန်း နဲ့ တတိယလေးလပတ်မှာ ၆ ဒသမ ၈ ရာခိုင်နှုန်း မှန်မှန်တိုးလာခဲ့ပါတယ်။” လို့ သတင်းထောက်တွေကို ရှင်းပြခဲ့ကြောင်း ဘေကျင်းကပေးပို့တဲ့ ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago