ရာခိုင်နှုန်းထက်၀က်ခန့် ပြီးစီး

December 6, 2020

ဒဘတ်ယာန် စစ်ရှောင်များ နေရပ်ပြန်နိုင်ရန် မိုင်းရှင်းလင်းမှု ရာခိုင်နှုန်းထက်၀က်ခန့် ပြီးစီး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဒဘတ်ယာန်စစ်ရှောင်ဒေသခံများ နေရပ်ပြန် ပြန်လည်ထူထောင်ရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ဆောင်နေမှု ရာခိုင်နှုန်းထက်၀က်လောက် ပြီးစီးနေပြီလို့ ဦးဆောင်စီစဉ်နေတဲ့ တာ၀န်ရှိသူက ပြောပါတယ်။ မိုင်းရှင်းလင်းရေးကို မြောက်ပိုင်းတိုင်းက တာ၀န်ယူ ဆောင်ရွက်ပေးနေကာ ဒီဇင်ဘာ ၅ ရက်နေ့မှာ ၃၅ အိမ်အပ်ပြီး‌နောက် စုစုပေါင်း ၁၃၅ အိမ်ခြေ ရှင်းလင်းပြီးဖြစ်တာကြောင့် ရာခိုင်နှုန်းအားဖြင့် ၅၀ ကျော်ပြီးစီးခဲ့တယ်လို့ ကချင်စစ်ရှောင်များကူညီစောင့်ရှောက်ရေးအဖွဲ့မှ  ဆရာခါးလီက ပြောပါတယ်။ မိုင်းရှင်းလင်းရာမှာ လူနေအိမ်၊ ဘုရားကျောင်း၊ ဆေးခန်း၊ စာသင်ကျောင်းနဲ့ ကျေးရွာလမ်းတွေကို အဓိကထားရှင်းလင်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံစဥ်ကလည်း ဂါးရားယန်၊ ကဇူး အပါအဝင် ကျန်ရှိနေသေးတဲ့ကျေးရွာ ၈ ရွာကိစ္စ တင်ပြခဲ့ပြီး အဲဒီကျေးရွာတွေသာမက စစ်ရှောင်အားလုံး နေရပ်ပြန်နိုင်ရေး ဆက်လက်ကြိုးပမ်းပေးဖို့ ပြောဆိုခဲ့ကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ အခုလို စစ်ရှောင်အားလုံး နေရပ်ပြန်ရေးအပေါ် ရပ်တည်ပေးတာဟာ ဒေသခံတွေအတွက် ကောင်းမွန်တဲ့ လက္ခဏာ ဖြစ်တယ်လို့ ဆရာခါးလီက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က ကာကွယ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောက်လှိုင်နဲ့ KHCC မှ ဒေါက်တာခလမ်ဆမ်ဆွန်နှင့် ဆရာခါးလီတို့ပါ၀င်ခဲ့ကာ စစ်ရှောင်များနေရပ်ပြန်ရေးအပါ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဇုန်းကျန်း CJ
4 months Ago
Up