ရဟန်း ၁ ပါး ဒဏ်ရာရ

June 10, 2020

မြဝတီမြို့ အချက်အချာကျသည့်နေရာတွင် ဗုံးပေါက်ကွဲပြီး ရဟန်း ၁ ပါး ဒဏ်ရာရ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ဘုရင့်နောင်လမ်းမပေါ်မှာ ဇွန်လ ၉ ရက် ည ၉ နာရီဝန်းကျင်က ဗုံးပေါက်ကွဲပြီး Toyota Hilux Surf မော်တော်ယာဉ်တစ်စီး ဗုံးစထိမှန်ပျက်စီးခဲ့သလို ယာဉ်ပေါ်ပါ ရဟန်းတစ်ပါး ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိသွားပါတယ်။ ဗုံးကွဲတဲ့နေရာအနီးမှာ မြဝတီခရိုင်ရဲစခန်း၊ ယာဉ်ထိန်းရဲစခန်း၊ မြဝတီနယ်ခြားကော်မတီရှေ့တန်းရုံး၊ အကောက်ခွန်ဦးစီးရုံးနဲ့ ကရင်နယ်ခြားစောင့်တပ် /တပ်နယ်၄ BGF ဗိုလ်မှူးစောမိုးသိုလ်ပိုင်ဆိုင်တဲ့ လင်းသီရိစတိုးဆိုင်တို့ ရှိပြီး မြို့လယ် အချက်အချာကျတဲ့နေရာ ဖြစ်ပါတယ်။ အဆိုပါပေါက်ကွဲမှု ဖြစ်စဉ်အသေးစိတ်ကိုတော့ သက်ဆိုင်ရာက စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ဇွန်လ ၈ ရက် ညပိုင်းကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ရဲစခန်းရှေ့နားမှာ မော်တော်ဆိုင်ကယ်စီးလာသူနှစ်ဦးက  ဗုံးနှစ်လုံးပစ်ချသွားရာကနေ တစ်လုံးပေါက်ပွဲပြီး  လူ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
1 year Ago
Up