ရဟန်းတု

March 15, 2019

တောင်ကြီးတွင် ကျူး​ကျော်​နှင့် ရဟန်းအတု​အယောင်​များ၏ နေရာများကို ရှာ​ဖွေရှင်းလင်း

ရှမ်းပြည်နယ် ​တောင်​ကြီးမြို့မှာ ကျူး​ကျော်​နဲ့ ရဟန်းအတုအ​ယောင် ကိန်း​အောင်း​နိုင်​တဲ့ နေရာတွေကို ရှမ်းပြည်​နယ်​ရဲတပ်​ဖွဲ့နဲ့ ဌာနဆိုင်​ရာ​တွေက မတ်​လ ၁၄ ရက်​ ည​နေပိုင်းမှာ ရှာ​ဖွေဖယ်ရှား ရှင်းလင်းခဲ့ကြပါတယ်။ ပြီးခဲ့တဲ့လက ​တောင်​ကြီးမြို့​ပေါ်မှာ ရဟန်းတုအချင်းချင်း လူသတ်​မှုဖြစ်​ပွားခဲ့ပြီး အလားသဏ္ဌာန်​တူ မဖြစ်​ပွားဖို့ ရှာ​ဖွေရှင်းလင်းတာလို့ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်ဦးက ပြောပါတယ်။ အဓိက ​တောင်​ကြီးမြို့ရှိ သစ်​​တောရပ်​ကွက်​နဲ့ ​ရေ​အေးကွင်းရပ်​ကွက်​ရှိ ​ရွှေမု​ဌောဘုရား​တောင်​​ခြေနဲ့ တောင်​ချွန်း​တောင်​​ခြေမှာ ရှာ​ဖွေရှင်းလင်းတာလို့ ဆိုပါတယ်။ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူး​တွေက ကျူး​ကျော်​​တွေ ရှိတယ်​ဆိုတာ သိ​ပေမယ့် လုံခြုံ​ရေးအရ မလုပ်​​ဆောင်​နိုင်​တဲ့အတွက်​ ဌာနဆိုင်​ရာနဲ့ ပူး​ပေါင်းပြီး လုပ်​​ဆောင်​တာလို့ သစ်တောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောပါတယ်။ ရှင်းလင်းရာမှာ ယာယီတဲ​တွေကို ဖျက်​ဆီးခဲ့သလို လူမရှိတဲ့တဲ​တွေနဲ့ သင်္ကန်းဝတ်​တွေကိုလည်း ​တွေ့ရှိပြီး ဥပ​ဒေအရ လုပ်​​ဆောင်​သွားမယ်​လို့ သိရပါတယ်​။ ပြီးခဲ့တဲ့ ​ဖေ​ဖော်​ဝါရီ ​​၂၅ ရက်​​နေ့က ​ရွှေမု​ဌော ​စောင်းတန်းမှာ ရဟန်းတုတပါးက ရဟန်း​ဖော်​ နှစ်​ပါးကို ရိုက်​သတ်​မှု ဖြစ်​ပွားသလို ကျူး​ကျော်​​တွေ​ဖြေရှင်းတဲ့ ရတနာသီရိရပ် အုပ်ချုပ်​​ရေးမှူး ဓားခုတ်​ခံရမှုလည်း ဖြစ်ခဲ့ပါတယ်။ ရဲတပ်​ဖွဲ့နဲ့ အုပ်​ချုပ်​​ရေးမှူး​တွေက တောင်​ကြီးမြို့ မှုခင်း​လျော့ချ​ရေးအတွက် ညပိုင်း မြို့ကိုပတ်​ပြီး ရှာ​ဖွေရှင်းလင်း​ရေး​တွေ ပြုလုပ်​​နေတယ်​လို့ သိရပါတယ်​။ သတင်း၊ ဓာတ်ပုံ - ခွန်​ရာဇာ
3 years Ago
Up