ရဟတ်ယာဉ်တစီး

A d v e r t i s e m e n t With Us

December 28, 2019

ဟာဝိုင်အီရှုခင်းကြည့် ရဟတ်ယာဉ် ၁ စီး ပျက်ကျ၊ အလောင်း ၆ လောင်းတွေ့

လူ  ၇ ဦး လိုက်ပါလာတဲ့ ဟာဝိုင်အီရှုခင်းကြည့် ရဟတ်ယာဉ်တစီးဟာ ဒီဇင်ဘာ ၂၆  ရက်က ကောင်ဝါအီကျွန်းမှာ ပျက်ကျခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက်မှာတော့ ရုပ်အလောင်း ၆ ခုကို တွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ အဲဒီရှုခင်းကြည့်ရဟတ်ယာဉ်ပေါ်မှာ ပိုင်းလော့တဦးနဲ့ ကလေး ၂ ဦးအပါအဝင် ခရီးသည် ၆ ဦး လိုက်ပါခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတွေ ဘယ်သူဘယ်ဝါဆိုတာ မိသားစုဝင်တွေကို အကြောင်းကြားပြီးမှ ထုတ်ဖော်ပြောကြားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ရဟတ်ယာဉ်ဟာ နာမည်ကျော် နေပါလီကမ်းရိုးတန်း ရှုခင်းကြည့် ခရီးစဉ်ပြီးဆုံးခါနီး မြေမျက်နှာပြင် ကြမ်းတမ်းတဲ့ ဝေးလံခေါင်ဖျားဒေသမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။     ရဟတ်ယာဉ် ပျက်ကျလို့ ၂၄ နာရီနီးပါးအကြာမှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီကျွန်းမှာ ရှုခင်းကြည့်ရဟတ်ယာဉ် ပျက်ကျမှု အပါအဝင် မတော်တဆမှု ၈ ခု ဖြစ်ခဲ့ပြီး ၄ ယောက် သေဆုံးကာ ၁၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားပို့ဆောင်ရေးလုံခြုံမှုဘုတ်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
1 year Ago
Up