အီရန်ရေတပ်ဟာ သူ့ရဲ့ ပြည်တွင်းဖြစ် ရဟတ်ယာဉ်တင်သင်္ဘောကို အိုမန် ပင်လယ်ကွေ့ထဲ က အီရန်ကမ်းရိုးတန်းကမ်းလွန်ရေပြင် စစ်ရေးလေ့ကျင့်မှုပြုလုပ်စဉ် ဇန်နဝါရီ ၁၃ ရက်က ထုတ်ပြလိုက်ပါတယ်။
မတ်ခ်ရန် လို့ခေါ်တဲ့ ဒီသင်္ဘောဟာ အိန္ဒိယသမုဒ္ဒရာ၊ ဘဘ်အယ်လ်မာဒက်ဘ် ရေလက်ကြားနဲ့ ပင်လယ်နီမြောက်ပိုင်းဒေသ အစိတ်အပိုင်းတွေက စစ်ဆင်ရေးတွေအတွင်း ရေတပ် သင်္ဘောစုနဲ့ အတူ ပူးပေါင်းဖို့ စီစဉ် ထားပါတယ်။
ဒီသင်္ဘောကို အီရန်စစ်တပ် စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး ဘာဟီရီက စစ်ဆေးပါတယ်။ အီရန်ရေတပ်ဟာ ဒုံးကျည် ပစ်လွှတ်နိုင်ပြီး မြန်နှုန်းမြင့် ခုတ်မောင်းနိုင်တဲ့ ဇေရာလို့ ခေါ်တဲ့ စစ်သင်္ဘောကိုလည်း တပ်ဖြန့်ရာမှာ တာဝန်ပေးခဲ့ပါတယ်။
ဒီသင်္ဘောဟာ အော်တိုမက်တစ် ဒုံးကျည်တွေ အမြောက်တွေကို တပ်ဆင်ထားပြီး အီရန်ရေတပ် ပညာရှင်တွေက တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။
2 months Ago