ရဟတ်ယဉ်

A d v e r t i s e m e n t With Us

March 30, 2020

အိမ်ပြင်မထွက်ရအမိန့် ချိုးဖောက်သူရှိမရှိ အီတလီရဲ ရဟတ်ယာဉ်ဖြင့် ကင်းလှည့်

အီတလီနဲ့ စပိန်မှာ ရဲတပ်ဖွဲ့ဟာ ပြည်သူတွေ အိမ်တွင်းအောင်းနေထိုင်ရေး စည်းမျဉ်းလိုက်နာမှု ရှိမရှိကို စောင့် ကြပ်ပေးနေကြပြီး အီတလီကတော့ ရဟတ်ယဉ် စောင့်ကြည့်ကင်းလှည့်တာတွေ လုပ်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  ဒီနေ့မနက်ပိုင်းအထိ အီတလီနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကြောင့်သေဆုံးသူဦးရေဟာ ၁ သောင်းကျော်သွားခဲ့ပြီး တနိုင်ငံလုံးနီးပါးလည်း အသွားအလာ ပိတ်ဆို့မှုတွေ လုပ်နေရပါတယ်။  အီတလီနိုင်ငံ ကာတာနီးယားမြို့မှာဆိုရင် ရဲတပ်ဖွဲ့ဟာ ရဟတ်ယဉ်နဲ့ကင်းလှည့်ပြီး အိမ်ပြင်ထွက်နေတဲ့ စည်းကမ်းချိုးဖေါက်သူတွေရှိမရှိကို စစ်ဆေးနေပါတယ်။  အီတလီမှာ အကြောင်းပြချက်မရှိဘဲ အိမ်ပြင်မထွက်ရအမိန့်ကို မလိုက်နာတဲ့သူတွေကို ဒဏ်ငွေ ယူရို ၄၀၀ ကနေ ၃၀၀၀ အထိ ပေးဆောင်ဖို့ အစိုးရက သတ်မှတ်ထားပါတယ်။  စပိန်မှာလည်း ဗိုင်းရပ်စ်ကြောင့်သေဆုံးသူဦးရေဟာ မတ် ၂၈ ရက်နေ့ ၈၃၂ ဦး ထပ်တိုး လာပြီးနောက် အစိုးရက တင်းကျပ်တဲ့စည်းကမ်းတွေ သတ်မှတ်ဖို့နဲ့ ပိတ်ဆို့ မှုကာလတွေ ထပ်တိုးဖို့ပြင်ဆင်နေပါတယ်။  မက်ဒရစ်မြို့တော်မှာလည်း ရဲတပ်ဖွဲ့လှည့်ကင်းတွေ ချထားပြီး စောင့်ကြပ်နေတယ်လို့ ရိုက်တာသတင်းက ရေးသားထားပါတယ်။
11 months Ago
Up