ရဟတ်ယာဉ်ပေါ်က

September 9, 2017

ရဟတ်ယာဉ်ပေါ်က ရိုက်ကူးထားသည့် ဟာရီကိန်းမုန်တိုင်းဒဏ်ကြောင့် အပျက်အစီးများ (ရုပ်သံ)

ဟာရီကိန်း မုန်တိုင်း အာမာ  တိုက်ခတ်အပြီး ဗြိတိန်နဲ့ အမေရိကန် ဗာဂျင်အိုင်လန် ကျွန်းတွေအပေါ်ကနေ ရဟတ်ယာဉ်နဲ့ ဖြတ်သန်းချိန်မှာ အစိတ်စိတ် အမြွှာမြွှာ ပျက်စီးနေတဲ့ ဆိပ်ကမ်းတွေ၊ အိမ်တွေ၊ အမှိုက်တွေ၊ အပျက်အစီးတွေနဲ့ ပရမ်းပတာဖြစ်နေတဲ့ ကမ်းရိုးတန်းနဲ့ မြေပြင်တွေကို မြင်ရပါတယ်။ တော်တိုလာ၊ ဆာဘားရော့ခ်၊ ဗာဂျင်ဂေါ်ဒါ၊ အန်နီဂါတာ၊ စိန့်သောမတ်စ်နဲ့ ဘိဖ် အိုင်လန် ကျွန်းတွေပေါ်က အခြေအနေတွေကိုလည်း ရဟတ်ယာဉ်ပေါ်က ရိုက်ကူးထားတဲ့ ရုပ်သံတွေထဲမှာ မြင်ရပါတယ်။ ကာရစ်ဘီယံ ပင်လယ် အရှေ့မြောက်ပိုင်းက တခြား ကျွန်းငယ်လေးတွေကိုလည်း ဟာရီကိန်း အာမာက ဖြတ်သန်းတိုက်ခတ်ခဲ့တာပါ။ ဒါကြောင့် စိန့်မာတင်၊ ဘာဘူဒနဲ့ အမေရိကန် ဗာဂျင်အိုင်လန်းစ် ကျွန်းတွေပေါ်က မုန်တိုင်းဖြတ်သန်းရာ လမ်းတလျှောက် အဆောက်အဦတွေ အပင်တွေ ပြိုလဲခဲ့ပါတယ်။
4 years Ago

January 29, 2017

ရဟတ်ယာဉ်ပေါ်က ရိုက်ထားသည့် ကီလောင်အီးယားမီးတောင် ချော်ရည်ပူများ စီးထွက်လာမှုရုပ်သံ ထုတ်ပြန်

အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီကျွန်းမှာရှိတဲ့ ကီလောင်အီးယားမီးတောင်ဟာ ဇန်န၀ါရီ ၂၆ ရက်နေ့က သက်ဝင်လှုပ်ရှားလာပြီး ချော်ရည်ပူအသစ်တွေ စီးထွက်လာကြောင်း အမေရိကန် ဘူမိဗေဒတိုင်းထွာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ မီးတောင်ထိပ်ဝကနေ နီရဲတဲ့ချော်ရည်ပူတွေ စီးထွက်နေပုံကို ဗွီဒီယိုရိုက်ကူးသူ မိုက်-ကာလ်ဘာက ရဟတ်ယဉ်ပေါ်ကနေ မှတ်တမ်းတင်ရိုက်ကူးခဲ့ပါတယ်။ မီးတောင်ပေါက်ကွဲမှုဟာ သိပ်မပြင်းထန်တဲ့ အလယ်အလတ်ဆင့်ဖြစ်တယ်လို့ မိုက်-ကာလ်ဘာ က ဆိုပါတယ်။ ချော်ရည်စီးကြောင်းရဲ့ အကျယ်ဟာ ကီလိုမီတာတစ်ဝက်လောက်ရှိပြီး ပစိဖိတ်သမုဒ္ဒရာထဲကို အဆက်မပြတ်စီးဆင်းသွားတယ်လို့လည်း သူက ပြောပါတယ်။ ပူပြင်းတဲ့ ချော်ရည်တွေဟာ သမုဒ္ဒရာရေနဲ့ ထိတွေ့တဲ့အခါ ပေါက်ကွဲမှုကြောင့် ပြာမှုန်လို အမှိုက်သရိုက်တွေ ထွက်လာပါတယ်။ အဲဒီအမှိုက်တွေ စုပုံရာကနေ သမုဒ္ဒရာထဲမှာ ကုန်းမြေအသစ်ကို ဖြစ်ပေါ်စေပေမယ့် အဲဒီကုန်းမြေသစ်ဟာ ရေရှည်တည်မြဲလေ့မရှိကြောင်း အမေရိကန်-ဘူမိဗေဒတိုင်းထွာရေးဌာနကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
5 years Ago
Up