ရဝမ်ဒါ

May 31, 2020

ရဝမ်ဒါ ဆေးရုံတခုတွင် ထိတွေ့မှု လျှော့ချရန် စက်ရုပ် အသုံးပြု

ရဝမ်ဒါနိုင်ငံ မြို့တော် ကီဂါလီနဲ့ အလှမ်းမဝေးတဲ့ ကိုဗစ်-၁၉ ရောဂါကုသရေး ဆေးရုံတခုမှာ ကျန်းမာရေးဝန်ထမ်း ရိုဘော့ ၃ ရုပ် တာဝန်ထမ်းဆောင်နေပါတယ်။   ကိုဗစ်-၁၉ လူနာတွေနဲ့ ဆရာဝန်၊ သူနာပြုတွေအကြား ထိတွေ့မှုတွေကို လျှော့ချဖို့  ရဝမ်ဒါနိုင်ငံက   ရိုဘော့  ၃  ရုပ်ကို   ဖြန့်ကြက်ထားပါတယ်။  သူတို့ဟာ ကိုယ်ပူချိန်တိုင်းတာနဲ့ လူနာတွေကို စောင့်ကြည့်တာလို လွယ်ကူရိုးရှင်းတဲ့ အလုပ်တွေကို လုပ်ဆောင်ကြပါတယ်။  ဒီလို အဖြူရောင် မျက်လုံးပြူးပြူး လူသားနဲ့တူတဲ့ ရိုဘော့တွေကို UNDP ကနေ လှူဒါန်းထားတာဖြစ်ပြီး ရဝမ်ဒါနိုင်ငံရဲ့ ကိုရိုနာတိုက်ဖျက်ရေးမှာ သူတို့က ရှေ့တန်းကျန်းမာရေး ဝန်ထမ်းတွေကို ကူညီပေးနေပါတယ်။ အခုချိန်အထိ ရဝမ်ဒါနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၅၅ ယောက် ရှိပါတယ်။   ဆရာဝန်တွေဆီ သတင်းစကားတွေ ပို့ပေးတာနဲ့ ကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေ ထိရောက်မှု ရှိမရှိ   အကဲဖြတ်ရာမှာ ကူညီပေးပြီး ဒီရိုဘော့တွေကြောင့် ဆရာဝန်တွေဟာ လူနာတွေကို ခဏခဏ သွားကြည့်စရာ မလိုအပ်တော့ပါဘူး။ လောလောဆယ်မှာ လူနာတွေရဲ့ အရေးကြီး စစ်ချက်တွေ ယူပေးတာ၊  ဗွီဒီယိုမက်ဆေ့ဂျ်နဲ့ ဆရာဝန် လူနာ တုံ့ပြန်ပြောဆိုမှုကို ပို့ပေးတာလုပ်ဆောင်ဖို့ ရိုဘော့တွေကို ပရိုဂရမ်သွင်းပေးထားပါတယ်။ အာဖရိကတိုက်အတွက် ပထမဆုံး ရောက်လာတဲ့ ဒီရိုဘော့တွေဟာ အနာဂတ်မှာ ဆေးဘက်ဝန်ထမ်းအဖွဲ့ကို ပိုပြီးအထောက်အကူပြုမယ့် အလားအလာ ရှိနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
11 months Ago

May 17, 2020

၂၆ နှစ်ကြာ လွတ်မြောက်နေသည့် ရဝမ်ဒါလူမျိုးတုံး သတ်ဖြတ်မှုတရားခံ ဖမ်းမိ

၂၆ နှစ်ကြာထွက်ပြေးနေတဲ့ ရဝမ်ဒါလူမျိုးတုန်း သတ်ဖြတ်တရားခံ  ဖယ်လစ်စီယန် ကတ်ဘူဂါကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့အနီးမှာ မေ ၁၆ ရက်က ဖမ်းဆီးရမိတယ်လို့  ပြင်သစ်တရားရေးဌာနက ပြောပါတယ်။    လူပေါင်း ၈ သိန်းလောက်ကို အစုလိုက် သတ်ဖြတ်ခဲ့တဲ့ စစ်သွေးကြွတွေကို  ကတ်ဘူဂါက ငွေကြေးထောက်ပံ့ခဲ့တယ်ဆိုပြီး  စွပ်စွဲခံထားရပါတယ်။   ကတ်ဘူဂါဟာ  ရဝမ်ဒါနိုင်ငံရဲ့ အလိုရှိဆုံး လူတယောက်ဖြစ်ပြီး  သူ့ဦးခေါင်းကို ဖြတ်နိုင်ရင် အမေရိကန် ဒေါ်လာ ၅ သန်း ပေးမယ်လို့ ဆုငွေထုတ်ခံထားရပါတယ်။ အန်ညဲ စွတ်ဆန်အရပ်က တိုက်ခန်းတခန်းမှာ အမည်ဝှက်နဲ့ နေထိုင်တဲ့ အသက် ၈၄ နှစ် အရွယ် ကတ်ဘူဂါကို  မေ ၁၆ ရက်  မနက် ၅ နာရီခွဲလောက်မှာ ပြင်သစ်ရဲတွေက    ဖမ်းဆီးမိခဲ့တာပါ။   လူမျိုးတုံးသတ်ဖြတ်မှုမှာ ပူးပေါင်းကြံစည်မှုနဲ့ သတ်ဖြတ်မှု ကျူးလွန်ဖို့ လှုံ့ဆော်မှုအပါအဝင်    ပြစ်မှု ၇ မှုနဲ့  ကတ်ဘူဂါကို ၁၉၉၇ ခုနှစ်မှာ  စွဲချက်တင်ခဲ့ပါတယ်။  ကတ်ဘူဂါကို ပဲရစ်အယူခံတရားရုံးမှာ အရင်စစ်ဆေးမှာဖြစ်ပြီး  နောက်ပိုင်း နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က နိုင်ငံတကာတရားရုံးထံ လွှဲပြောင်းပေးသွားမယ်လို့ သိရပါတယ်။
11 months Ago
Up