ရဝမ်တိုင်းရင်းသား

March 27, 2021

ရ၀မ်တိုင်းရင်းသားလူငယ် ၁ ဦး နွေဦးတော်လှန်ရေးတွင်ကျဆုံး

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်သပိတ်မှာ  အကြမ်းဖက်စစ်တပ်နဲ့ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့်  ရဝမ်တိုင်းရင်းသား  ညီအစ်ကိုနှစ်​ယောက်ကျည်ဆန်ထိမှန်သွားပြီး ညီ အ​ထွေးဆုံးကတော့ ကျဆုံးသွားတယ်လို့ ရ၀မ်လူကြီးတစ်ယောက်က ပြောပါတယ်။

ဒီနေ့ကျဆုံးသွားတဲ့ မောင်ထီဆန်၀မ်ဖီထွန်း(အသက် ၁၉နှစ်) ဟာ ကချင်မျိုးနွယ်စုထဲမှ ရ၀မ်လူမျိုးဖြစ်ပြီး ပူတာအိုခရိုင်၊ နောင်မွန်းဒေသကဖြစ်ပါတယ်။

ရန်ကုန်မှာ ​ခေါက်ဆွဲဆိုင် တနိုင်တပိုင်​လေးဖွင့်ကာ ရပ်တည်​နေတဲ့မိသားစု ဖြစ်ပြီး နွေဦးတော်လှန်ရေးမှာ ပထမဦးဆုံး ရ၀မ်လူမျိုးစုထဲမှ ကျဆုံးခြင်းဖြစ်တယ်လို့ သိရပါတယ်။

8 months Ago
Up