ရရှိ

A d v e r t i s e m e n t With Us

December 25, 2020

အီးယူနှင့် အကြီးဆုံးကုန်သွယ်ရေးသဘောတူညီချက် ရရှိဟု ဗြိတိန်ဝန်ကြီးချုပ် ပြော

ဥရောပသမဂ္ဂ (အီးယူ) နဲ့ အကြီးဆုံး ကုန်သွယ်ရေးသဘောတူညီချက် ရရှိပြီလို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဒီဇင်ဘာလ ၂၄ ရက်မှာ ကြေညာလိုက်ပါတယ်။  ဗြိတိန်ရဲ့ ဥပဒေတွေ၊ နယ်စပ်တွေနဲ့ ငါးဖမ်းပိုင်နက်တွေကို ပြန်ထိန်းချုပ်နိုင်ပြီလို့လည်း ဂျွန်ဆင်က ဆိုပါတယ်။  အီးယူနဲ့ ဗြိတိန်ကြားမှာ တစ်နှစ်ကို ပေါင်ငွေ ဘီလီယံ ၆၆၀ တန်ဖိုးရှိတဲ့ ကနေဒါပုံစံ လွတ်လပ်တဲ့ ကုန်သွယ်ရေးသဘောတူညီချက်ကို  ရရှိပြီလို့လည်း သတင်းစာရှင်းလင်းပွဲမှာ ဂျွန်ဆင်က ပြောခဲ့ပါတယ်။  ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ အီးယူကနေ နုတ်မထွက်ခင် ၇ ရက် အလိုမှာပဲ ဗြိတိန်ဟာ အီးယူနဲ့ ကုန်သွယ်ရေးသဘောတူညီချက်ရခဲ့တာပါ။   ဒီသဘောတူညီချက်ကြောင့် ကသောင်းကနင်းနဲ့ အီးယူက နုတ်ထွက်ရမယ့် အခြေအနေကနေ လွတ်ကင်းခဲ့ပါတယ်။  အီးယူနဲ့ ဗြိတိန်အကြား ရရှိတဲ့ ကုန်သွယ်ရေးသဘောတူညီချက်ဟာ မျှတ၊ ဘက်မျှပြီး မှန်ကန်တယ်၊ ကြိုးပမ်းရကျိုးနပ်တယ်လို့လည်း အီးယူအကြိးအကဲ ဗွန်ဒါလီယွန်က ဒီဇင်ဘာလ ၂၄ ရက်မှာ ပြောဆိုခဲ့ပါတယ်။ 
2 months Ago

December 17, 2019

Golden Boy ဆု အက်သလက်တီကို လူငယ်ကြယ်ပွင့် ဂျာအိုဖီးလစ် ရရှိ

ဥရောပ အားကစားကလောင်ရှင်တွေက ရွေးချယ်ပေးအပ်တဲ့  Golden Boy လူငယ်ဘောလုံး ထူးချွန်ဆုကို အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ လူငယ်ကြယ်ပွင့် ဂျာအိုဖီးလစ်က ရရှိသွားပါတယ်။ ဒီဆုဟာ ဥရောပမှာ ကစားနေတဲ့ တက်သစ်စ လူငယ်ဘောလုံးကြယ်ပွင့်တွေထဲကမှ အကောင်းဆုံးတဦးကို မဲပေး ရွေးချယ်တာလည်း ဖြစ်ပါတယ်။ ဂျာအိုဖီးလစ်ဟာ ဂျေဒန်ဆန်ချို၊ ကိုင်ဟာဗက်ဇ်၊ အာလင်းဘရွတ်ဟာလန်းတို့ကို ကျော်ဖြတ်ပြီး ဆုရရှိသွားခဲ့တာပါ။ သူ ဘင်ဖီကာအသင်းမှာ ကစားစဉ်က ၄၃ ပွဲမှာ ဂိုး ၂၀ သွင်းယူခဲ့ပြီး  နွေရာသီအပြောင်းအရွှေ့မှာ အက်သလက်တီကို မက်ဒရစ်အသင်းဆီကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၃ သန်း ရောက်ရှိခဲ့တာပါ။  အသက် ၂၀ အရွယ် ပေါ်တူဂီကစားသမား ဂျာအိုဖီးလစ်ဟာ ကလပ်အောင်မြင်မှုတွေအပြင် နိုင်ငံအသင်းအတွက်လည်း နေးရှင်းလိဂ်ဖလားရရှိအောင် အဓိကနေရာက စွမ်းဆောင်ပေးခဲ့လို့ ဒီဆုကို ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။  Golden Boy ဆုကိုတော့  ဗန်ဒါဘတ်၊ ရူနီ၊ ပေါ့ဘာ၊ စတာလင်၊ ဖာဘရီဂတ်စ်၊ မက်ဆီ၊ အန်ဘာပေးနဲ့ ဒီလစ်ဂျ်တို့ ရရှိခဲ့ဖူးပါတယ်။
1 year Ago
Up