မန်ယူအသင်းနဲ့အတူ ရှိသမျှ ဆုဖလားအားလုံး ရယူသွားချင်တယ်လို့ ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်က ပြောပါတယ်။
အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်ကနေ ပရိသတ်တွေနဲ့ အမေးအဖြကဏ္ဍ ပြုလုပ်ခဲ့ရာမှာ ဖာနန်ဒက်စ်က ထည့်သွင်းပြောခဲ့တာပါ။
မန်ယူအသင်းကို ပြောင်းရွှေ့လာတာဟာ ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလားနဲ့ တခြားဆုဖလား အားလုံးရယူချင်တာကြောင့်လို့ ဖာနန်ဒက်စ်ကပြောပါတယ်။
မန်ယူနိုက်တက်အသင်းမှာ ငယ်ရွယ်တဲ့ အသင်းဖြစ်ပေမယ့် အတွေ့အကြုံရှိ ကစားသမားတွေလည်းရှိပြီး အလားအလာကောင်းတွေရှိတဲ့ အသင်းဖြစ်တယ်လို့လည်း ဖာနန်ဒက်စ်က ပြောပါတယ်။
မန်ယူအသင်းက ထိပ်တန်းအသင်းဖြစ်ပြီးသားဖြစ်လို့ အောင်မြင်မှုရအောင် အာရုံစိုက်ပြီး ဆုဖလားတွေရယူဖို့ ဆာလောင်ပြင်းပြမှု ရှိဖို့လည်း လိုအပ်တယ်လို့ ဖာနန်ဒက်စ်က တိုက်တွန်းသွားခဲ့ပါတယ်။
ဖာနန်ဒက်စ်ရောက်လာပြီးနောက်ပိုင်း ယူနိုက်တက်အသင်းက စုစုပေါင်း ၁၁ ပွဲမှာ ၈ ပွဲအထိ အနိုင်ရခဲ့ပါတယ်။
11 months Ago