ရမ်ဒီဆီဗာဆေး

October 10, 2020

အမေရိကန်သမ္မတသုံးသည့် ရမ်ဒီဆီဗာဆေးကို ကိုဗစ်ရောဂါပြင်းထန်လူနာများအတွက် သုံးနေဟု အတိုင်ပင်ခံပြော

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် လက်ရှိသုံးနေတဲ့ ရမ်ဒီဆီဗာ (remdesivir) ဆေးတွေကို ကိုဗစ်-၁၉ ရောဂါပြင်းထန်တဲ့သူတွေအတွက် သုံးစွဲနေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အောက်တိုဘာ ၉ ရက် ည ၈ နာရီက နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ပြည်သူလူထုကို  ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောသွားတာပါ။  အဲဒီဆေးတွေကို အိန္ဒိယနိုင်ငံက ဝယ်ထားသလို  လှူဒါန်းလို့ ရရှိထားတာလည်း ရှိပြီး ဒီဆေးတွေနဲ့  ပြည်တွင်းက ရောဂါပြင်းထန်ခံစားနေရတဲ့  ကိုဗစ်-၁၉ လူနာတွေအတွက် အသုံးပြုနေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသွားပါတယ်။  အားလုံးအတွက် သုံးနိုင်တဲ့ အခြေအနေမှာ မရှိသေးပေမယ့် ထပ်ဝယ်ယူပြီး သုံးသင့်သုံးထိုက်တဲ့ သူတွေကို သုံးသွားမယ်လို့  ပြောဆိုခဲ့ပါတယ်။  နောက်ထပ်ကုသနည်းတခုတခုဖြစ်တဲ့ သွေးရည်ကြည်ကုထုံးနဲ့ ကုသရာမှာလည်း ရောဂါပျောက်ကင်းမှုတွေ ရှိနေတဲ့အတွက် ရောဂါပျောက်ကင်းပြီးသား လူတွေအနေနဲ့လည်း သွေးရည်ကြည် ပြန်လည်လှူဒါန်းကြဖို့ကိုလည်း  တိုက်တွန်းသွားပါတယ်။   မြန်မာနိုင်ငံမှာ စက်တင်ဘာ ၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း  ၂၃,၉၀၆ ယောက်၊ သေဆုံးသူ ၅၆၆   ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၆၇၃၈  ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
7 months Ago
Up