ရမ်စ်ဒေး

October 3, 2021

ဂိုးသမား ရမ်စ်ဒေးကို အာဆင်နယ်နည်းပြအာတီတာ ချီးကျူး

အာဆင်နယ်အသင်းအနေနဲ့ ဂိုးသမား ရမ်စ်ဒေးကို ခေါ်ယူခဲ့တာက အသင်းအတွက် လုပ်ငန်းစဉ်ကြီး တစ်ခုဖြစ်တယ်လို့ နည်းပြအာတီတာက ချီးကျူးပြောပါတယ်။

အင်္ဂလန်လက်ရွေးစင်ဂိုးသမား ရမ်စ်ဒေးဟာ ရှက်ဖီးယူနိုက်တက်နဲ့ တန်းဆင်းခဲ့ရပေမဲ့ အာဆင်နယ်ဆီ ပြောင်းရွှေ့လာချိန်မှာတော့ ၅ ပွဲမှာ ၄ ပွဲအထိ ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။ 

အသင်းရဲ့ နံပါတ်တစ် ဂိုးသမားဖြစ်ခဲ့တဲ့ လေနိုကို ကျော်ဖြတ်ပြီး ပွဲထွက်ခွင့်ရလာခဲ့တဲ့ ရမ်စ်ဒေးဟာ ထိပ်တန်းအသင်းတစ်သင်းရဲ့ ဖိအားတွေကိုလည်း ကျော်ဖြတ်နိုင်သူဖြစ်ပြီး သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ စရိုက်လက္ခဏာဟာလည်း ချီးကျူးစရာကောင်းတယ်လို့ အာတီတာက ပြောပါတယ်။ 

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အဖွင့် ၃ ပွဲမှာ ပေးဂိုး  ၉ ဂိုးအထိ ပေးခဲ့ရပြီး ၃ ပွဲစလုံး ရှုံးနိမ့်ခဲ့ရပေမယ့် ဂိုးသမားရမ်စ်ဒေး ပွဲထွက်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲမှာ ပေးဂိုး ၁ ဂိုးသာ ရှိခဲ့တာ ဖြစ်ပါတယ်။ 

3 weeks Ago
Up