ရပ်နားထားခြင်းမရှိ

November 11, 2020

ကိုဗစ်ကာလအတွင်း အဝေးပြေးယာဉ်လိုင်းများ ရပ်နားထားခြင်းမရှိ

ရန်ကုန်မြို့ကနေ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေကို ပြေးဆွဲနေတဲ့ အဝေးပြေး ယာဉ်လိုင်းတွေကို ရပ်နားထားတာမရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ကွပ်ကွဲမှု အာဏပိုင်အဖွဲ့ရဲ့ တွဲဖက်အတွင်းရေးမှူးဦးလှအောင်က ပြောပါတယ်။ ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့ ကာလဖြစ်တာကြောင့် ယာဉ်လိုင်းတွေ ပြေးဆွဲသွားလာမှုအတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေအညီ ပြေးဆွဲဖို့ ညွှန်ကြား ထားတာဖြစ်တယ်လို့ဆိုပါတယ်။ ပြည်သူတွေကလည်း ကိုဗစ်ဖြစ်ပွားနေတာကြောင့် ခရီးသွားလာမှု လျှော့နည်းသွားတာဖြစ်ပြီး လက်ရှိမှာတော့ ကုန်စည်ပို့ဆောင်ရေးတွေအတွက် ယာဉ်အစီးရေ ၂၀ ပြေးဆွဲပေးနေတယ်လို့ ပြောပါတယ်။ ရန်ကုန်မြို့ကနေ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေကို သွားရောက်ဖို့အတွက် အောင်မင်္ဂလာ အဝေးပြေးကွင်း၊ ဒရုံဧရာအဝေးပြေးကွင်းနဲ့ ဒလအဝေးပြေးကွင်းတွေက အများပြည်သူသုံး အဝေးပြေးယာဉ်တွေစီးပြီး သွားလာနိုင်တာဖြစ်ပါတယ်။ ရန်ကုန်မြို့ကနေ ပြည်နယ်နဲ့ တိုင်းဒေသကြီးကို ပြေးဆွဲပေးနေတဲ့ ရန်ကုန်အခြေပြု ယာဉ်လိုင်းနဲ့ အခြားပြည်နယ်နဲ့တိုင်းအခြေပြု ယာဉ်လိုင်းပေါင်း ၄၀၉ လိုင်း ရှိပါတယ်။  အဲဒီယာဉ်လိုင်းတွေကနေ မှတ်ပုံတင်ပြီး ပြေးဆွဲပေးနေတဲ့ အများပြည်သူသုံး ယာဉ်အစီးရေကတော့ ၄၀၃၇ စီးကခရီးသည်တွေကို ပို့ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။
1 year Ago
Up