တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ရပ်တန့်ရေး ဘဏ်ငွေစက္ကူတွေနဲ့ နိုင်ငံခြားသုံး ငွေစက္ကူတွေကို အစိုးရက ပိုးသတ်နေပါတယ်။
တရုတ်အစိုးရဘဏ်ဟာ မတ်လအစပိုင်းတည်းက ဘဏ်ငွေစက္ကူတွေကို ပိုးသတ် ဗီရိုတွေနဲ့ ခရမ်းလွန်ရောင်ခြည်ကို သုံးပြီး ပိုးသတ်နေခဲ့တယ်။
ဘဏ်ခွဲတွေကနေ ငွေတွေ ပြန်ဖြန့်တာ မလုပ်ခင် ၇ ရက် သိုလှောင်ထားတယ်လို့လည်း သတင်းထုတ်ပြန်ပါတယ်။
ဆေးရုံတွေကနေ သိမ်းလာတဲ့ ငွေစက္ကူတွေကိုတော့ ပြန်မဖြန့်တော့ဘဲ ဘဏ်ဝန်ထမ်းတွေနဲ့ သုံးစွဲသူတွေရဲ့ ဘေးကင်းရေး သေချာစေဖို့ ပိုးသတ်ပြီး သီးခြားခွဲထားမှာပါ။
ဘဏ်တွေက အများပြည်သူသုံးတဲ့နေရာတွေ၊ ကောင်တာတွေ ပစ္စည်းကိရိယာတွေနဲ့ လျှို့ဝှက်နံပါတ် စာရင်းသွင်းတဲ့ စက်တွေကအစ နေရာတွေမှာ မကြာမကြာ ပိုးသတ်တာ တိုးလုပ်သင့်ကြောင်း ညွှန်ကြားချက်တွေကို တရုတ်ဘဏ်နဲ့ အာမခံလုပ်ငန်း ကြီးကြပ်ရေးဌာနက အရင်လက ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ဘဏ်တွေဟာ သုံးပြီးသား ငွေစက္ကူတွေအစား ငွေစက္ကူအသစ်တွေကို သုံးစွဲသူတွေအတွက် ပေးဖို့ အကြံပြုထားပါတယ်။
မတ်လ ၂၄ ရက် မွန်းလွဲ ၁ နာရီထိ အတည်ပြုထားတဲ့ အချက်အလက်တွေအရ တရုတ်နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာ ၈၁၀၀၀ ကျော်ရှိပြီး ကူးစက်ခံ ၃၂၇၇ ယောက် သေဆုံးခဲ့ပြီးပါပြီ။
အသစ်ကူးစက်ခံ အားလုံးဟာလည်း နိုင်ငံခြားက ပြန်ရောက်လာတဲ့ ခရီးသည်တွေ ဖြစ်နေပါတယ်။ တရုတ်ကျောင်းသား အများအပြားဟာလည်း နိုင်ငံတကာကနေ ပြည်တွင်းကို ပြန်လာနေကြဆဲပါ။
11 months Ago