ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

May 19, 2021

ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှာ မေလ ၁၉ ရက် ဒီနေ့ မနက် ၉ နာရီလောက်က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

အမှတ် (၄) ရပ်ကွက်၊ ဒေါနလမ်းသွယ် ၁ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျော်ဇင်မင်း ပိုင်တဲ့ ဆိုင်ကယ်၊ ကားရေဆေးဆိုင်းမှာ   အမည်မသိလူနှစ်ဦးက ဆိုင်ကယ်နဲ့ရောက်ရှိလာပြီး သေနတ်နဲ့ ၁၅ ချက်ခန့် ပစ်ခတ်သွားခဲ့တဲ့အတွက် သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့တာပါ။

ရပ်ကွက်နေပြည်သူတစ်ဦးက "စစ်ကောင်စီကခန့်တဲ့ အုပ်ချုပ်ရေးမှူးပါ။ သူက ဒုတပ်ရင်းမှူးနဲ့ အ​ငြိမ်းစားယူထားပြီး ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးလေ။ ရပ်ကွက်မှာ ဒလန်လုပ်နေတာ။ သူ့ကြောင့် လူတော်တော်များများ အဖမ်းခံရတယ်။ ကျမတို့ ပြည်သူတွေက မကောင်းတဲ့လူတစ်ယောက်ဆုံးရှုံးတာ ဘာမှဖြစ်ဘူး " လို့ ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာကို အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်နဲ့ရဲတွေက အတားအဆီးတွေ ပြုလုပ်ထားပြီး ဖြတ်သန်းသွားလာတာတွေကို ကန့်သတ်ထားတဲ့အပြင်  လုံခြုံရေးရယူထားပါတယ်။

ဧပြီလက  ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ကား၊ ဆိုင်ကယ်ရေဆေးဆိုင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး  အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင် ၂ ယောက်  သေဆုံးခဲ့ပါတယ်။

6 months Ago
Up