ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး‌

May 2, 2021

အင်းစိန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး‌ ၂ ခုရှေ့တွင် ပေါက်ကွဲမှုဖြစ်

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် မြို့သစ်(ဂ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ မေ ၂ ရက်နေ့ ညနေ ၃ နာရီခွဲ‌လောက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

ထိခိုက်ပျက်စီးမှု သတင်းအတိအကျ မသိရသေးဘဲ အကြမ်းဖက်စစ်ကောင်စီတပ်တွေ လာရောက်စစ်ဆေးနေတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

အလားတူ ဒီနေ့ ည ၆ နာရီကျော်လောက်ကလည်း အင်းစိန် ပေါက်တောဝ ကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာလည်း ပေါက်ကွဲမှု တခုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ရပ်ကွက်နေသူတဦးကပြောပါတယ်။

ဒီနေ့ကမ္ဘာလုံးဆိုင်ရာ မြန်မာပြည်အရေးသပိတ်မှာ အင်းစိန်လူငယ်အများအပြားပါဝင်ခဲ့ပြီး လူငယ်အယောက် ၂၀ နီပါးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

7 months Ago
Up