ရပ်ကွက်အုပ်ချုပ်ရေးမှူး

A d v e r t i s e m e n t With Us

February 25, 2021

တာမွေ ရပ်ကွက်အုပ်ချုပ်ရေးမှူးသစ်အား သံပုံးတီးကန့်ကွက်သူများကို လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်

ရန်ကုန်မြို့ တာမွေမြို့နယ် အောင်မင်္ဂလာလမ်း ကျောက်မြောင်းကြီး ရပ်ကွက်မှာ အာဏာသိမ်းစစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးအား အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြတဲ့ ရပ်ကွက်နေပြည်သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ ပစ်ခတ်ကာ လူစုခွဲခဲ့တယ်လို့ သိရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လက်နက်အင်အား အလုံးအရင်းနဲ့ ရပ်ကွကထဲဝင်လာကာ ဆန္ဒပြပြည်သူတွေကို ပစ်ခတ်ပြီး ဖမ်းဆီးတာတွေ လုပ်နေပါတယ်။

“လူတွေတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး။ အခုလက်ရှိ ည ၇ နာရီ ၂၀ အထိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လမ်းထဲမှာ ပိတ်ဆို့နေရာယူထားပါတယ်။” လို့ ရပ်ကွက်နေပြည်သူ ၁ ဦးက ပြောပါတယ်။

လက်ရှိမှာ ယုဇနပလာဇာဘက် ဝင်လမ်းတွေဖြစ်တဲ့ ဗညားဒလလမ်း၊ မအူကုန်းလမ်းကျယ်တောက်လျှောက်အပါအဝင် လမ်းအတော်များများကို  ရဲတွေက ပိတ်ဆို့ထားပြီး လုံခြုံရေကား ၇ စီး၊ ၈ စီးလောက် တာမွေမြို့နယ် ရပ်ကွက်တွေထဲမှာ ဖြန့်ချထားတယ်လို့ ဆိုပါတယ်။

ရပ်ကွက်နေပြည်သူတွေက စစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးအလိုမရှိကြောင်း  တိုက်တွေနဲ့ လမ်းတွေပေါ်ကနေ သံပုံးတီးပြီး မောင်းထုတ်နေကြပါတယ်။

1 week Ago

သာစည်တွင် အသစ်ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား လက်မခံကြောင်း စာကပ်

အသစ်ခန့်အပ်တဲ့ ရပ်ကွက်အုပ်ချုပ်ချုပ်ရေးမှူးအား လက်မခံကြောင်း၊ ရုံးထိုင်ခွင့်မရှိကြောင်း မန္တလေးတိုင်း သာစည်မြို့ အမှတ် (၃) ရပ်ကွက်အုပ်လျုပ်ရေးမှူရုံး အပြင်ဘက်နံရံမှာ စာကပ်ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ရပ်ကွက်က လှူဒါန်းထားတဲ့ရုံး ဖြစ်လို့ ရပ်ကွက်တင်မြှောက်သူသာ ရုံးထိုင်ခွင့်ရှိတယ်၊ ရေးထားတဲ့စာရွက် ၃ ရွက်လောက် ရုံးနံရံမှာ လာကပ်ထားတာ တွေ့ရတယ်။ ဒါက ပြည်သူက လက်မခံကြောင်း ရုံးလာမတက်နဲ့လို့ ပြည်သူက ပြန်လုပ်တဲ့ CDM လို့ ခေါ်ရမှာပါ။"

သတင်း-ဓာတ်ပုံ-မောင်မောင်လင်း

1 week Ago

February 22, 2021

မုံရွာမြို့တွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို သံပုံးတီးဆန္ဒပြ

မုံရွာမြို့က ရွှေပြည်အေးရပ်ကွက်မှာ စစ်ကောင်စီကနေ တိုက်ရိုက်ရွေးချယ်ခန့်အပ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရပ်ကွက်နေပြည်သူတွေက လက်မခံကြောင်း ဖေဖော်ဝါရီ ၂၂ ရက်နေ့က သံပုံးတီးဆန္ဒပြခဲ့ကြပါတယ်။

ရွှေပြည်အေးရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ်ကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ရက်စွဲနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်ပါဝင်တဲ့ ခန့်အပ်ကြောင်း စာထွက်လာတဲ့နောက် ရပ်ကွက်နေ ပြည်သူတွေရဲ့  သဘောဆန္ဒမပါဘဲ ခန့်အပ်ခဲ့တဲ့အတွက် အခုလို ဆန္ဒပြခဲ့ကြတာပါ။

ရွှေပြည်အေးရပ်ကွက်နေပြည်သူ ဦးသိန်းစိုးက “ပြည်သူလူထု ရွေးချယ်တဲ့သူလည်း မဟုတ်ဘူး။ နောက်ပြီး သူတို့ စစ်ကောင်စီက ခန့်လိုက်တဲ့ ကိစ္စကို ဘယ်လိုနည်းနဲ့မှ လက်ခံနိုင်စရာ မရှိပါဘူး။ ဒါ့ကြောင့် သံပုံးတီးပြီး ဆန္ဒပြတာ” လို့ ပြောပါတယ်။

ရွှေပြည်အေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့နဲ့ ရပ်ကွက်အတွင်းက လမ်းမတွေမှာ ပြည်သူ ၃၀၀ လောက်က သံပုံးတီးဆန္ဒပြခဲ့ကြတာပါ။

ရွှေပြည်အေးရပ်ကွက်မှာ အိမ်ထောင်စုပေါင်း ၁၈၀၀ လောက်ရှိပြီး ရာအိမ်မှူးက ၁၂ ဦးရှိတယ်လို့ သိရပါတယ်။

ရန်နိုင်စိုး

2 weeks Ago
More News
Up