စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူတွေရဲ့ သတင်းပေးသူကို ပြည်သူတွေက မတ် ၄ ရက်နေ့ နေ့လယ်ပိုင်းမှာ ရပ်ကွက်တွင်း နေအိမ်ကနေ မောင်းထုတ်ခဲ့တယ်လို့ သိရပါတယ်။
“ရပ်ကွက်ကနေနှင်ထုတ်ခဲ့တာပါ။ သူက ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်နေတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို သတင်းပေးလို့ နှင်ထုတ်လိုက်တယ်” လို့ ကလေးဒေသခံတစ်ဦးက ပြောပါတယ်။
အခုနှင်ထုတ်ခံရသူဟာ ကလေးမြို့မှာ မှုခင်းသတင်းထောက်လုပ်ကိုင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။