.ရပ်ကျေးအုပ်ချုပ်ရေးမှူး

February 5, 2021

ဖြူးမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁ ဦး နုတ်ထွက်

စစ်အာဏာရှင်စနစ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ဆက်လက်လုပ်ကိုင်ဖို့ ဆန္ဒမရှိတော့တာကြောင့် ပဲခူးတိုင်း ဖြူးမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးဟာ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

နုတ်ထွက်စာကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ဒီနေ့မနက်ပိုင်း လူကိုယ်တိုင်သွားရောက်ပေးပိုခဲ့တယ်လို့ နုတ်ထွက်စာတင်ခဲ့တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

"မနက်ဆယ်နာရီလောက်က သွားပို့ခဲ့တယ်၊ သားသမီးတွေကလည်း မလုပ်စေချင်တော့ဘူး။ တင်ခဲ့ပြီး တန်းပြန်လာတာ။" 

တပ်မတော်က အာဏာသိမ်းပြီးနောက် ဖြူးမြို့နယ်အတွင်းမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး တဦး ပထမဆုံးနုတ်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူး အခုလို နုတ်ထွက်တာကို အထက်အဆင့်ဆင့် တင်ပြသွားမယ်လို့ ဖြူးမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဖြူးမြို့နယ်အတွင်းမှာရှိတဲ့ ဌာနဆိုင်ရာအချို့ဟာလည်း အာဏာသိမ်းအစိုးရ လက်အောက်မှာ  တာဝန်မထမ်းဆောင်နိုင်ကြောင်း ကမ်ပိန်းတွေပြုလုပ်ပြီး ဆန္ဒဖော်ထုတ်နေသလို စျေးဆိုင်အချို့ကလည်း စစ်တပ်နဲ့ပတ်သက်တဲ့  ပစ္စည်တွေကို မရောင်းချကြဘူးလို့ သိရပါတယ်။

ကျော်အောင်

10 months Ago
Up