ရပ်စောက်မြို့နယ်အတွင်း

February 10, 2018

ရပ်စောက်မြို့နယ်အတွင်း တရားမ၀င်သစ်တန် ၂၆၀ ခန့် ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ်မှာ တရားမ၀င်သစ်တန် ၂၆၀ လောက် ပိုင်ရှင်မဲ့ သိမ်းဆည်းရမိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ရပ်စောက်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းက ဖေဖော်ဝါရီ ၈ ရက် မနက်ပိုင်းက အင်တောမြို့ရဲ့ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာမှာ စုပုံထားတဲ့ တရားမ၀င် အင်သစ်လုံး စုစုပေါင်း ၆၁၀ လုံး (ခန့်မှန်း ၂၅၈ တန်) ကို ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။ သိမ်းဆည်းရမိသစ်များအား တောင်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနကို အပ်နှံသွားမယ်လို့ သိရပါတယ်။
4 years Ago
Up