ရပ်ရှ်ဖို့ဒ်၊ မိုဗစ်တို့၏ သွင်းဂိုးဖြင့် မန်ယူက ဘလက်ဘန်းကို အနိုင်ယူ

February 20, 2017

ရပ်ရှ်ဖို့ဒ်၊ မိုဗစ်တို့၏ သွင်းဂိုးဖြင့် မန်ယူက ဘလက်ဘန်းကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၁၉ ရက်ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ရှုံးထွက်အဆင့်ပွဲစဉ်မှာ မန်ယူက ဘလက်ဘန်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ဘလက်ဘန်းကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲရဲ့ ဦးဆောင်ဂိုးကို ချန်ပီယံရှစ်တန်းက ဘလက်ဘန်းအသင်းမှ ဂရေဟမ်က ၁၇ မိနစ်မှာ သွင်းယူပါတယ်။ မန်ယူက ဒီပွဲမှာ အရန်ကစားသမား အများစုနဲ့ ပွဲထွက်လာပြီး နောက်ပိုင်းမှာ အဓိက ကစားသမားတချို့နဲ့ လူစားလဲခဲ့ပါတယ်။ မန်ယူအတွက် ချေပဂိုးကို တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်က ၂၇ မိနစ်မှာ ပြန်လည်သွင်းယူပါတယ်။ နောက်ပိုင်းမိနစ်တွေမှာ မန်ယူက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပြီး အနိုင်ဂိုးကို လူစားဝင်လာတဲ့ တိုက်စစ်မှူး အီဗရာဟီမိုဗစ်က ၇၅ မိနစ်မှာ သွင်းယူပါတယ်။ တိုက်စစ်မှူး မိုဗစ်အတွက်တော့ ဒီနှစ်ရာသီမှာ ၂၄ ဂိုးမြောက်သွင်းတဲ့ဂိုးလည်း ဖြစ်ပါတယ်။ ဒီပွဲနိုင်တဲ့ မန်ယူဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် လာမယ့် မတ်လ ၁၁ ရက်နေ့မှာ ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
4 years Ago
Up