ရပ်ရှ်ဖိုဒ့်ရဲ့ ပွဲပြီးခါနီး သွင်းဂိုးဖြင့် ဟာလ်းစီးတီးကို မန်ယူနိုင် (ရုပ်သံဟိုက်လိုက်)

A d v e r t i s e m e n t With Us

August 28, 2016

ရပ်ရှ်ဖိုဒ့်ရဲ့ ပွဲပြီးခါနီး သွင်းဂိုးဖြင့် ဟာလ်းစီးတီးကို မန်ယူနိုင် (ရုပ်သံဟိုက်လိုက်)

သြဂုတ် ၂၇ ရက်က ကစားသွားတဲ့ အင်္ဂလန်ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက်နဲ့ ဟာလ်းစီးတီးပွဲစဉ်မှာ မန်ယူက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ပထမပိုင်းမှာတော့ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ခဲ့ဘဲ သရေကျနေပါတယ်။ ဒုတိယပိုင်းနာကျင်အချိန်ပိုမှာတော့ လူစားဝင်လာတဲ့ ရပ်ရှ်ဖိုဒ့် ပွဲပြီးခါနီး မိနစ် ၉၀ မှာ မန်ယူအသင်းအတွက် အနိုင်ဂိုးကို သွင်းယူသွားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ မန်ယူအသင်းအနိုင်ရတာဟာ ထိုက်တန်တဲ့ အနိုင်ဖြစ်တယ်လို့လည်း ဘောလုံးပွဲ သုံးသပ်သူတွေက ပြောပါတယ်။ မန်ယူအသင်းဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ကန်သွင်းမှု ၂၉  ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ အကောင်းဆုံးကစားသမားဆုကိုတော့ ဟာလ်းစီးတီးအသင်းက ကားတစ်ဒေးဗီးစ်က ရရှိသွားပါတယ်။ အနိုင်နဲ့ထိုက်တန်သလို အသင်းမှာ ထူးခြားတဲ့ စိတ်ဓာတ်အင်အားရှိနေပြီး ကြိုးစားတဲ့ အတွက် နောက်ဆုံးမှာ အနိုင်ရခဲ့တယ်လို့ ပွဲအပြီးမှာ မန်ယူနည်းပြ မော်ရင်ဟိုက ပြောပါတယ် ဒီပွဲအနိုင်ကြောင့် မန်ယူအသင်းဟာ ၃ ပွဲကစား ၃ ပွဲနိုင် ၉  မှတ်နဲ့အမှတ်ပေးဇယား နံပါတ် ၂ နေရာမှာ ရပ်တည်နေပြီး ဟာလ်းစီးတီးကတော့ ၃ ပွဲကစား ၂ ပွဲနိုင် ၆ မှတ်နဲ့နံပါတ် ၅ နေရာမှာ ရပ်တည်နေပါတယ်။
5 years Ago
Up