ရပ်ကွက်အုပ်ချုပ်ရေးမှူး

A d v e r t i s e m e n t With Us

March 13, 2018

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဧရိယာအတွင်း ဆိုင်ခန်းများ ငှားရမ်းမှု ခွင့်ပြုထားခြင်းမရှိ

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခန်းအချို့မှာ ရန်ပုံငွေ အကြောင်းပြချက်နဲ့ ရုံးဧရိယာအတွင်း ဆိုင်ခန်းနေရာ ငှားရမ်းမှုတွေ ရှိနေသော်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခွင့်ပြုထားခြင်း မရှိဘူးလို့ ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးမှာ လသာမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန် မေးမြန်းတဲ့ ကြယ်ပွင့်ပြ မေးခွန်းကို ဖြေကြားရာမှာ ပြောသွားတာပါ။ အရှေ့ပိုင်းခရိုင်မှာရှိတဲ့ ရပ်ကွက်လေးခုမှာ ဆိုင်ခန်း ၁၇ ခန်း၊ တောင်ပိုင်းခရိုင်မှာရှိတဲ့ ရုံးတရုံးမှာ ဆိုင်ခန်း သုံးခန်း၊ မြောက်ပိုင်းခရိုင်မှာရှိတဲ့ ရုံးနှစ်ရုံးမှာ ခုနစ်ခန်း ဖွင့်လှစ်ထားတာ တွေ့ရပြီး အနောက်ပိုင်းခရိုင်မှာတော့ မရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။ ရန်ကုန်တိုင်းအတွင်း ဆိုင်ခန်းနေရာ ငှားရမ်းထားရှိနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တရုံးချင်းစီအလိုက် ငှားရမ်းထားရှိမှု အခြေအနေကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်တွေကို တိုင်းအစိုးရအဖွဲ့ကို တင်ပြသွားဖို့ရှိတယ်လို့ သိရပါတယ်။
3 years Ago

July 26, 2017

ရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ်တွင် ဆိုင်ကယ် ဝင်ရောက်ခိုးယူသူအား ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး နေအိမ်ရှိဆိုင်ကယ် ဝင်ရောက်ခိုးယူသူကို ဇူလိုင်၂၆ ရက် မနက်က ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက “ဇူလိုင် ၂၆ ရက် မနက်၎ နာရီလောက်က အင်းတော်မြို့ အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဝင်း ဟာ နေအိမ်မှာ အိပ်ပျော် နေစဉ် အိမ်အောက်ထပ်ခန်းမှ အသံကြားရတဲ့အတွက် လန့်နိုးပြီးကြည့်ရာ နေအိမ် အောက်မှာ ထားရှိတဲ့ ဆိုင်ကယ်ကို အမည်မသိလူတဦးက လမ်းပေါ်သို့ တွန်းထုတ်ခိုးယူနေတာကို တွေ့ရှိတဲ့ အတွက် ရဲစခန်းသို့အကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် တွေနဲ့အတူ ဖမ်းဆီးစဉ် အမည်မသိ လူမှာ ဆိုင်ကယ်ကို ပစ်ချပြီးထွက်ပြေးသွားတဲ့အတွက် လိုက်လံဖမ်းဆီးခဲ့ရပါတယ်။ ခိုးယူသွားသူမှာ ကန့်ဘလူမြို့နယ် အင်ငုတ်တိုကျေးရွာနေ အောင်နိုင်လင်း(ခ)နိုင်လင်း ဆိုသူဖြစ်ကြောင်း သိရပြီး ဥပဒေအရ အရေးယူပေးပါဖို့ တိုင်ကြားထားတဲ့ အမှုဖြစ်တယ်”လို့ ပြောပါတယ်။ ဆိုင်ကယ်ခိုးယူသူ အောင်နိုင်လင်း(ခ)နိုင်လင်းကို အင်းတော်မြိ့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၈၀ နဲ့ အရေးယူထားပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
4 years Ago
Up