ရန်သူ့သတင်း

July 6, 2020

ရန်သူ့သတင်း ပိုသိနိုင်ရန် သူလျှိုဂြိုဟ်တု အစ္စရေး လွှတ်တင်

အစ္စရေးဟာ သူ့ရန်သူတွေကို ပိုကောင်းကောင်း မျက်စိဒေါက်ထောက် ကြည့်နိုင်ဖို့ သူလျှိုဂြိုဟ်တုအသစ် တလုံးကို ဇူလိုင် ၆ ရက်မှာ လွှတ်တင်လိုက်ပါတယ်။ စစ်ထောက်လှမ်းရေးလုပ်ငန်းအတွက် အရည်အသွေးမြင့် စောင့်ကြည့်မှုတွေကို လုပ်နိုင်တော့မယ်လို့လည်း အစ္စရေးက ပြောပါတယ်။ အကြီးစားခြိမ်းခြောက်မှုလို့ ရှုမြင်ထားတဲ့ နျူကလီးယားအစီအစဉ်ရှိရာ အီရန်လို ရန်သူတွေကို စောင့်ကြည့်ဖို့ အစ္စရေးဟာ စောင့်ကြည့်နိုင်စွမ်းကို တိုးချဲ့တည်ဆောက်နေပါတယ်။ Ofek 16 လို့ခေါ်တဲ့ ဂြိုဟ်တုကို အစ္စရေးအလယ်ပိုင်းက လွှတ်တင်ရေးစခန်းကနေ ရှဗစ် ဒုံးကျည်ကိုသုံးပြီး အာကာသထဲ တနင်္လာမနက်က လွှတ်တင်ခဲ့တာပါ။ အစ္စရေးရဲ့စွမ်းရည်ကို ခံတပ်တိုင်းကနေ ဆက်ပြီး အားဖြည့်ထိန်းသိမ်းသွားမယ်လို့ ကာကွယ်ရေးဝန်ကြီး ဘန်နီဂန့်ဇ်က ပြောပါတယ်။ လျှပ်စစ်သုံးအမြင်အာရုံဆိုင်ရာ ကင်းထောက်ဂြိုဟ်တု Ofek 16 မှာ အဆင့်မြင့် စွမ်းရည်တွေ ပါပြီး ပထမဆုံး ပုံရိပ်ကို သီတင်းပတ်တပတ်အတွင်း လက်ခံရယူနိုင်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အစိုးရပိုင် အစ္စရေးအာကာသလုပ်ငန်းဟာ ဒီစီမံကိန်းအတွက် အဓိကကန်ထရိုက်တာ ဖြစ်ပြီး ဂြိုဟ်တုကိုတော့ ကာကွယ်ရေးလုပ်ငန်း အယ်လ်ဘစ် စစ်စတမ်က တီထွင်ထားပါတယ်။
1 year Ago
Up