ရန်လိုလာ

A d v e r t i s e m e n t With Us

March 8, 2020

ဥရောပနိုင်ငံများ အမေရိကန်နှင့်တူပြီး ရန်လိုလာဟု မြောက်ကိုရီးယား စွပ်စွဲ

မြောက်ကိုရီးယားအရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC က တံခါးပိတ် အစည်းအဝေးအတွင်း ဆွေးနွေးဖို့ ဆော်သြခဲ့တဲ့ ဥရောပနိုင်ငံတွေဟာ အမေရိကန်နဲ့ ဆင်တူလာပြီး ရန်လိုနေတယ်လို့ မြောက်ကိုရီးယားအစိုးရက မတ်လ ၇ရက်မှာ စွပ်စွဲလိုက်ပါတယ်။ ဒီသီတင်းပတ်အစောပိုင်းက မြောက်ကိုရီးယားဟာ ဒုံးကျည်ပစ်လွှတ် စမ်းသပ်ခဲ့လို့ ပြစ်တင်ရှုတ်ချဖို့ ဗြိတိန်၊ဂျာမနီ၊ ပြင်သစ်၊အဲ့စ်တိုးနီးယားနဲ့ဘယ်လ်ဂျီယံနိုင်ငံတို့က UNSC ကို မတ်လ ၅ ရက်မှာ တိုက်တွန်းခဲ့တာပါ။ မြောက်ကိုရီးယားရဲ့ကျူးကျော်ရန်စတဲ့ လုပ်ရပ်ဟာ ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ချိုးဖောက်ရာ ရောက်တယ်လို့လည်း သူတို့က ပြောခဲ့ကြပါတယ်။ မြောက်ကိုရီးယားဟာ ၃ လကြာ ရပ်ထားအပြီး မတ် ၂ ရက်မှာတော့ အရှေ့ဘက် ကမ်းရိုးတန်းကနေ ပင်လယ်ထဲကို တာတိုပစ်ဒုံးကျည် ၂ စီး ပစ်လွှတ်ခဲ့ပါတယ်။  ဒါဟာ ပုံမှန်စစ်ရေးလေ့ကျင့်မှုသာဖြစ်ပြီး ခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် ကြီးကြပ်ခဲ့ တယ်လို့ မြောက်ကိုရီးယားအရာရှိတွေက ပြောခဲ့ပါတယ်။  ယုတ္တိမတန်တဲ့ အတွေးအခေါ်တွေနဲ့ စဉ်းလဲကောက်ကျစ်တဲ့ ဆင်ခြေတွေကြောင့် ဥရောပ နိုင်ငံတွေဟာ အမေရိကန်နဲ့ နီးနီးကပ်ကပ် ဆင်တူလာပြီ ကျနော်တို့အပေါ် ရန်လိုနေတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ကြေညာချက် ထုတ်ပြန်ပါတယ်။  ဒီကြေညာချက်ကို မြောက်ကိုရီးယားအစိုးရမီဒီယာ KCNA က ထုတ်လွှင့်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ညီမဖြစ်ပြီး အကြီးတန်းအစိုးရအရာရှိဖြစ်သူ ကင်ယိုဂျွန်က လည်း တနင်္လာနေ့ပစ်ခတ်မှုဟာ စစ်ရေးလေ့ကျင့်တာသာဖြစ်ပြီး ဘယ်သူ့ကိုမှ ခြိမ်းခြောက်ဖို့ မရည်ရွယ်ဘူးလို့ ခုခံ ပြောဆိုခဲ့ပါတယ်။
12 months Ago
Up