ရန်ပုံငွေရှာပေ

A d v e r t i s e m e n t With Us

June 19, 2020

ချို့တဲ့ကလေးငယ်များအတွက် ရန်ပုံငွေရှာပေးခဲ့သူ ရက်ရှ်ဖို့ဒ်ကို နည်းပြဆိုးလ်ရှား ချီးကျူး

ချို့တဲ့ကလေးငယ်တွေကို ရန်ပုံငွေရှာဖွေပြီး ကူညီပေးခဲ့တဲ့ ရက်ရှ်ဖို့ဒ်ရဲ့လုပ်ဆောင်ချက်ဟာ ကွင်းထဲက လုပ်ဆာင်မှုတွေထက်ပိုပြီး အရေးကြီးတဲ့အရာကို လုပ်ဆောင်နိုင်ခဲ့တာလို့ နည်းပြ ဆိုးလ်ရှားက ချီးကျူးလိုက်ပါတယ်။  အင်္ဂလန်နဲ့မန်ယူတိုက်စစ်မှူးရက်ရှ်ဖို့ဒ်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းမှာ ချို့တဲ့ ကလေးငယ် ၁ ဒသမ ၃ သန်းအတွက် အစားအစာရရှိဖို့ ရန်ပုံငွေ ပေါင်သန်း ၂၀ အထိ ရှာဖွေ ပေးနိုင်ခဲ့တာပါ။  ဒါ့အပြင် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း ကလေးငယ်တွေကို ပြန်လည် ထောက်ပံ့ပေးဖို့  အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တာပါ။  ရက်ရှ်ဖို့ဒ်ဟာ လူသားချင်းစာနာတက်တဲ့ စိတ်နှလုံးသားရှိသူဖြစ်ပြီး ယူနိုက်တက် လူငယ်အသင်းမှာကတည်းက ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ခဲ့သလို အနာဂတ်မှာလည်း အသင်းခေါင်းဆောင်ကောင်းတစ်ဦးဖြစ် လာလိမ့်မယ်လို့ နည်းပြဆိုးလ်ရှားက ချီးကျူးခဲ့ပါတယ်။  မန်ယူအသင်းဟာ ဇွန် ၂၀ ရက်နေ့ မနက် ၁ နာရီ ၄၅ မိနစ်မှာ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကစားဖို့ရှိပြီး အကောင်းဆုံးအသင်းတစ်သင်းနဲ့ကစားရမယ့်ပွဲကြီး ပွဲကောင်းပွဲစဉ်ဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။ 
8 months Ago
Up