ရန်ကြီးအောင်ရပ်ကွက်

September 18, 2021

မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်တွင် လုယက်မှုဖြစ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက် ရက်ကန်းကျောင်းရှေ့မှာ စက်တင်ဘာ ၁၇ ရက် ညနေ ၆ နာရီလောက်မှာ လုယက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မျက်မြင် မြို့ခံတစ်ဦးက “အမျိုးသမီးနှစ်ယောက် စီးလာတဲ့ ဆိုင်ကယ်က အနောက်မှာ ထိုင်တဲ့သူရဲ့ ဆွဲကြိုးကိုလုတာ။ လုခံရတဲ့သူက‌ မှောက်ခုံလဲကျပြီး ခေါင်းထိသွားတယ်။ ဆိုင်ကယ်မောင်းတဲ့သူနဲ့ ကလေးက ဘာမှမဖြစ်ဘူး” လို့ ပြောပါတယ်။

ဖြစ်စဉ်ဖြစ်ပွားရာကို Rescue အသင်းက ရောက်လာပြီး ဆိုင်ကယ်ပေါ်ကပြုတ်ကျသူ အမျိုးသမီးကို ချက်ချင်း ဆေးရုံပို့လိုက်ပြီး စိုးရိမ်ရတဲ့အနေအထားရှိနေတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့မှာ နေ့စဉ်ရက်ဆက် လုယက်တာတွေ ပိုမိုများလာတဲ့အတွက် ဒေသခံတွေ စိုးရိမ်ပူပန်စွာ သွားလာနေရတယ်လို့ သိရပါတယ်။

2 years Ago
Up