ရန်ကုန်-ရေး-ထားဝယ် ကားလမ်းမ

October 13, 2021

ရန်ကုန်-ရေး-ထားဝယ်ကားလမ်းမကြီးပေါ်ရှိ ကလော့ချောင်းတံတား ဗုံးခွဲဖျက်ဆီးခံရ

မွန်ပြည်နယ် ရေးမြို့နယ် ရန်ကုန်-ရေး-ထားဝယ်ကားလမ်းမကြီးပေါ်ရှိ ကလော့ချောင်းတံတားမှာ အောက်တိုဘာ ၁၃ ရက် မွန်းလွဲပိုင်းက ဗုံးခွဲဖျက်ဆီးခံရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးခွဲခံရပြီးနောက် တံတားပေါ်မှာ ထိခိုက်ပျက်စီးသွားခဲ့တာကြောင့် တန်ချိန်များတဲ့  ကုန်တင်ယာဉ်ကားကြီးတွေ လက်ရှိ  ဖြတ်သန်းမရသလို  လူထိခိုက်မှုရှိတာကိုတော့ မကြားရသေးပါဘူးလို့  ဒေသခံတွေက ပြောပါတယ်။

ကလော့ချောင်းတံတား ဗုံးခွဲဖျက်ဆီးခံရပြီး‌တဲ့နောက်မှာ  စစ်ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

အခုလို ဗုံးပေါက်ကွဲ ဖြစ်စဉ်နဲ့ပက်သက်ပြီး ရေး  PDF က ထုတ်ပြန်ပြောဆိုထားခြင်း မရှိ သေးပေမဲ့ ပြီးခဲ့တဲ့ရက်က အဆိုပါ တံတားအနီးနားကနယ်မြေခံ အမြောက်တပ်ရင်းကို ရေး PDF က ဗုံးခွဲတိုက်ခိုက်ရာတွင် တပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ထားပါတယ်။

1 week Ago
Up