ရန်ကုန်-မန္တလေး ရထားသံလမ်း

October 14, 2021

စဉ့်ကိုင်မြို့နယ်တွင် ရန်ကုန်-မန္တလေး ရထားသံလမ်း ဖောက်ခွဲခံရ

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ဆီဆုံကျေးရွာအုပ်စုအနီးရှိ ရန်ကုန် - မန္တလေးရထား သံလမ်း အောက်တိုဘာလ ၁၄ ရက် မနက် ၈ နာရီကျော်လောက်က  ဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။

ဖောက်ခွဲခံရတဲ့နေရာဟာ မိုင်တိုင်အမှတ် ၃၇၁/၂၃ နဲ့ ၃၇၁/၂၄ အနီးပတ်ဝန်းကျင်ဖြစ်ပြီး ဇလီဖားတုံးတွေ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

“အစက အသံတော့ ကြားလိုက်တယ်။ ဘာဖြစ်မှန်း မသိဘူး။ အခုမှ ဗုံးပေါက်တာတဲ့။ ထိခိုက်ဒဏ်ရာရတာတော့မကြားမိဘူး။ ပလိပ်ဘူတာ မရောက်ခင် နေရာလောက်မှာ လောက်မှာ ပေါက်ကွဲတာဖြစ်မယ်။” လို့ ဒေသခံတစ်ဦး ပြောဆိုပါတယ်။

မီးရထားသံလမ်း ဖောက်ခွဲခံရပြီးမကြာခင်မှာ စစ်ကောင်စီတပ်တွေ ရောက်လာပြီး အနီးပတ်ဝန်းကျင်မှာ စစ်ဆေးတာတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

1 year Ago
Up