ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် တရက်တည်း ကား ၄ စီး တိမ်းမှောက်၊ ၂ ဦး ဒဏ်ရာရ

August 20, 2020

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ၆ ဘီးကားနှင့် ဆိုင်ကယ်တိုက်မိသဖြင့် ၁ ဦးသေဆုံး

ဝမ်းတွင်းမြို့နယ် ရွှေတောင်ရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၄၂/၁ နဲ့ ၂ အကြားမှာ သြဂုတ် ၁၉ ရက်က ကရိန်းပါသည့် ၆ ဘီးကားနဲ့ ဆိုင်ကယ်တိုက်မိရာက အမျိုးသမီး ၁ ဦးသေဆုံးသွားတယ်လို့ ရွှေတောင်ရွာရဲစခန်းက ပြောပါတယ်။ ရွှေတောင်ရွာရဲစခန်း စခန်းမှူးရဲအုပ်ယဉ်ထွေးက "ကရိန်းပါတဲ့ ၆ ဘီးကားပေါ်မှာ ကွန်ကရစ်ဓာတ်တိုင် ၂ တိုင်ပါတယ်။ အစွန်းထွက်နေတဲ့ ကွန်ကရစ်ဓာတ်တိုင်နဲ့ ဆိုင်ကယ်တိုက်မိတယ်။ ဆိုင်ကယ်စီးလာသူ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတယ်" လို့ ပြောပါတယ်။ ဖြစ်စဉ်မှာ မြစ်ငယ်မြို့နယ် ပြင်ကြီးရွာနေ ဘိုသူရမောင်းလာတဲ့  ကရိန်းပါတဲ့ နစ်ဆန်းအမျိုးအစား အဖြူရောင် ၆ ဘီကားဟာ လမ်းကန့်လန့် အနေအထားနဲ့ ရပ်နေပြီး ကွန်ကရစ်ဓာတ်တိုင်တွေ အစွန်းထွက်နေတာပါ။ ကူမဲမြို့ ရွာသာရွာနေ အသက် ၄၃ နှစ်ရှိ မမိုးမိုး စီးလာတဲ့ ဆိုင်ကယ်နဲ့ ဓာတ်တိုင်အစွန်းတို့ တိုက်မိခဲ့ပြီး မမိုးမိုး မှာ မေးစေ့ ဒဏ်ရာရပြီး လမ်းပေါ်ပြုတ်ကျ သေဆုံးခဲ့တာပါ။ ဒေသခံဦးမောင်ကိုက "ကရိန်းကားက ကျေးရွာလျှပ်စစ်မီးလင်းရေးအတွက် ဓာတ်တိုင်တွေ စိုက်ထူနေတဲ့ကားပါ။ ဆိုင်ကယ် စီးလာသူနဲ့ ကွန်ကရစ်ဓာတ်တိုင်အစွန်းတို့ တိုက်မိပြီး သေဆုံးသွားတယ် စိတ်မကောင်းစရာပါပဲ"လို့ ပြောပါတယ်။ ရွှေတောင်ရွာရဲစခန်းမှာ ယာဉ်မောင်း ဘိုသူရအား လမ်းပေါ်မှာ ကန့်လန့်အနေအထားနဲ့ ယာဉ်မဆင်မခြင်ရပ်ထားလို့ လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ ဖမ်းဆီး အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း
1 year Ago

January 27, 2020

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆိုင်ကယ်နှင့် နွားလှည်းတိုက်မိ၊ ကလေး ၁ ဦး သေဆုံး

ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၆၃/၅ နဲ့ ၆ အကြား ဝမ်းတွင်းမြို့နယ် ဘုရားစုရွာ အနီးမှာ ဇန်နဝါရီ ၂၅ ရက် ညနေက ကားလမ်းဖြတ်ကူးတဲ့ နွားလှည်းနဲ့ ဆိုင်ကယ်တိုက်မိရာမှ ကလေးငယ် ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရသွားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်း တာဝန်ကျရဲအရာရှိက "လယ်ယာလုပ်ငန်းခွင်က ပြန်လာတဲ့ နွားလှည်းပါ။ ကားလမ်းကို ဖြတ်ကူးတာက ဆိုင်ကယ်နဲ့ တိုက်မိတယ်၊ မိတ္ထီလာဆေးရုံလွှဲပြောင်း ဆေးကုသနေတုန်း ၁ ဦး သေဆုံးသွားတယ်" လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်းရွာနေ ၁၃ နှစ် မောင်ရှိုင်းနော်လင်း မောင်‌ပြီး မောင်ထူးနော်လင်း  လိုက်ပါလာတဲ့ ဆိုင်ကယ်နဲ့ ရုံးတောရွာနေ ဦးမြသင်း မောင်းလာတဲ့ နွားလှည်းတို့ တိုက်မိတာပါ။ မောင်ရှိင်းနော်လင်း နဲ့ မောင်ထူးနော်လင်း ၂ ဦးလုံးဒဏ်ရာရသွားပြီး မိတ္ထီလာဆေးရုံကို လွှဲပြောင်းဆေးကုသနေစဉ် မောင်ထူးနော်လင်း သေဆုံးသွားခဲ့ပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းမှာ နွားလှည်းမောင်းသူ ဦးမြသင်းကို နွားလှည်း မဆင်မခြင်မောင်းလို့ လူသေဆုံးမှု၊ သာမန်ဒဏ်ရာရစေမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇ နဲ့ အမှုဖွင့် အရေးယူထား ပါတယ်။ သတင်း-မောင်မောင်လင်း
2 years Ago
More News
Up