ရန်ကုန်-ဘန်ကောက်ခရီးစဉ်

May 4, 2021

MAI လေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်ခရီးစဉ် အပတ်စဉ် စနေနေ့တိုင်း ပြေးဆွဲမည်

မြန်မာအဲဝေးစ် အင်တာနေရှင်နယ်လေကြောင်းလိုင်း(MAI)က ရန်ကုန်-ဘန်ကောက် အထူးလေကြောင်းခရီးစဉ်တွေကို မေလထဲမှာ  အပတ်စဉ် စနေနေ့တိုင်း  အထူးကယ်ဆယ်ရေး လေယာဉ်အနေနဲ့  ပျံသန်းပြေးဆွဲသွားမယ်လို့ သိရပါတယ်။

စီးနင်းလိုက်ပါလိုတဲ့ ခရီးသည်တွေအနေနဲ့ ခရီးစဉ်တကြောင်းစာ Economy Class အတွက် အမေရိကန်ဒေါ်လာ ၁၅၀၊ Business Class အတွက် အမေရိကန်ဒေါ်လာ ၃၂၀ သတ်မှတ်ထားပါတယ်။

ထိုင်းနိုင်ငံသားတွေအတွက် မေ ၁ ရက်နေ့က စတင်ထုတ်ပေးထားတဲ့ ပြည်ဝင်ခွင့် အထောက်အထားလက်မှတ်၊ ထိုင်းနိုင်ငံသားမဟုတ်တွေအတွက် ပြည်ဝင်ခွင့်အထောက် အထားလက်မှတ်အပြင် ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း ၇၂ နာရီအတွင်း ဆေးစစ် ချက်လက်မှတ်၊ ခရီးသွားကျန်းမာရေးအာမခံ အနည်းဆုံးအမေရိကန်‌ဒေါ်လာ ၁ သိန်းတန် ပြသရမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

ခရီးစဉ်လက်မှတ်တွေကိုတော့ သက်ဆိုင်ရာ လက်မှတ်အရောင်းကိုယ်စားလှယ်တွေ အပါအဝင် MAI ရဲ့ Website နဲ့ Mobile App တို့ကတဆင့်လည်း ကိုယ်တိုင်ဝယ်ယူနိုင်ပြီး လိုအပ်တဲ့ အချက်အလက် အသေးစိတ်ကို ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

2 weeks Ago
Up