ရန်ကုန်အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ

November 2, 2020

ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် ဦးဝီရသူ လာရောက်အဖမ်းခံ (ဓာတ်ပုံ)

ဝရမ်းထုတ်ခံထားရတဲ့ ဆရာတော် ဦးဝီရသူဟာ နိုဝင်ဘာ ၂ ရက်နေ့က ရန်ကုန် အနောက်ပိုင်းခရိုင်၊ ရဲတပ်ဖွဲ့မှူးရုံးမှာ  လာရောက်အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။ အမျိုးသားရေးဆရာတော်အဖြစ် လူသိများတဲ့ ဦးဝီရသူဟာ ရန်ကုန်အနောက်ပိုင်းခရိုင်တ တရားရုံးက ဝရမ်းပြေးအဖြစ် ဖမ်းဝရမ်းထုတ်ခံထားရတာဖြစ်ပြီး တနှစ်ကျော်ကြာအပြီး ရွေးကောက်ပွဲကျင်းပဖို့ တပတ်အလိုမှာ လာရောက်အဖမ်းခံခဲ့တာလည်း ဖြစ်ပါတယ်။ ဦးဝီရသူကို မန္တလေးတိုင်း မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူကို ၂၀၁၉ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က မြိတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲနဲ့ မေလ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့တဲ့ ဟောပြောပွဲတွေမှာ အစိုးရအဖွဲ့နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပုဂ္ဂိုလ်ရေး ထိုးနှက်တဲ့ စကားလုံးတွေသုံးပြီး ဟောပြောခဲ့တာကြောင့် ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)နဲ့ ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဦးဝီရသူကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၈၇၊ ၈၈ နဲ့ တရားရုံးများလက်စွဲအပိုဒ် ၅၁၃ အရ အရေးယူဆောင်ရွက်ထားပြီး ဖြစ်တဲ့အတွက် ဦးဝီရသူကို ပြန်လည်ဖမ်းမိတဲ့အခါ အမှုကို အစကနေ ပြန်စစ်သွားမယ်လို့လည်း တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ Photo - Ko Ye / MPA
1 year Ago

September 9, 2020

ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် အစီအစဉ်မရှိသေးဟု ကော်မရှင်ပြော

ကိုဗစ်-၁၉ လူနာတွေ တနေ့ထက်တနေ့ ပိုများပြားလာပေမယ့် ရွေးကောက်ပွဲကိုတော့  ရွှေ့ဆိုင်းဖို့ အစီအစဉ်မရှိသေးဘူးလို့ ရန်ကုန်အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲဆွယ်စည်းရုံးခွင့်ပေးခဲ့တာနဲ့  ပြည်ပကြိုတင်မဲတွေကို လက်ခံဖို့ပြင်ဆင်နေတာ စတဲ့လုပ်ငန်းတွေကို ဆက်တိုက်လုပ်နေတယ်လို့လည်း ဆိုပါတယ်။ “Social Distancing ဖြစ်အောင် မဲရုံတွေထပ်တိုးတာမျိုးလုပ်ရလိမ့်မယ်။ ရွှေ့တော့ မရွှေ့လောက်ဘူး” လို့ ဦးခင်မောင်ဝင်းက ပြောပါတယ်။ တဘက်မှာလည်း စက်တင်ဘာ ၁၅ ရက်နေ့မှာ အောက်ခြေက ရပ်ကျေးကော်မရှင် အဖွဲ့ဝင်တွေကို ကိုဗစ်ကာလ အထူးသင်တန်းပေးဖို့ အစီအစဉ်ကိုတော့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် က ရပ်ဆိုင်းထားပါတယ်။ ဒါ့အပြင် ဒီကနေ့ ကျင်းပဖို့ရှိတဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။ သင်တန်းနဲ့ သတင်းစာရှင်းလင်းပွဲကို ဖျက်လိုက်ပေမယ့် ပြည်ပကြိုတင်မဲတွေကိုတော့ စက်တင်ဘာ ၁၁ ရက် နောက်ပိုင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံခြားရေး ဌာနကနေ လက်ခံရယူဖို့ ရှိနေပါတယ်။  ပြည်ပကြိုတင်မဲတွေကို လက်ခံဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ခရိုင်အဆင့်အရာရှိ တွေဟာ စက်တင်ဘာ ၁၁ ရက်နေ့ နေပြည်တော်မှာ ကွာရန်တင်းဝင်ပြီး ဓာတ်ခွဲနမူနာ စစ်ဆေးမှု ခံယူရမှာ ဖြစ်ပါတယ်။  နိုင်ငံရေးပါတီတချို့ကတော့ ခုလို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများလာနေတဲ့ အခြေအနေမှာ ရွေးကောက်ပွဲကို ရွေ့ဆိုင်းထားဖို့ ကော်မရှင်ထံ အကြံပြုဖို့ အစီအစဉ်ရှိတယ်လို့ ပြောထားပါတယ်။ 
1 year Ago
Up