ရန်ကုန်သပိတ်စစ်ကြောင်း

June 19, 2021

နိုင်ငံခေါင်းဆောင်မွေးနေ့တွင် အားမာန်အပြည့်ဖြင့် ရန်ကုန်သပိတ်စစ်ကြောင်း

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဖမ်းဆီးခံ  နိုင်ငံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်ပြည့်မွေးနေ့မှာ အကြမ်းဖက်သမားတွေရဲ့ အဖမ်းအဆီးတွေ အထပ်ထပ်ရှိနေတဲ့ကြားက အားမန်အပြည့်နဲ့ ထွက်ပေါ်လာတဲ့ ရန်ကုန်လူငယ်တွေရဲ့ သပိတ်စစ်ကြောင်းမြင်ကွင်း။

Photo - MPA

5 months Ago

May 15, 2021

ရန်ကုန်သပိတ်စစ်ကြောင်းက လူငယ် ၅ ဦးထက်မနည်း ဖမ်းဆီးခံရ

လုံခြုံရေးတင်းကျပ်မှုတွေကြားထဲက ရန်ကင်းမြို့နယ်မှာ ဒီနေ့လုပ်တဲ့ ရန်ကုန်သပိတ်စစ်ကြောင်းက လူငယ် ၅ ဦးထက်မနည်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရတယ်လို့ စစ်ကြောင်းမှာ ပါဝင်သူတချို့က ပြောပါတယ်။

သပိတ်စစ်ကြောင်းဟာ ရန်ကင်းမြို့နယ်ထဲမှာ  မေ  ၁၅ ရက် မနက် ၉ နာရီက ပြောက်ကျားစနစ်နဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး သပိတ်ပြီးလို့ လူစုခွဲချိန် ကံဘဲ့လမ်းပေါ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေအပြင် အရပ်ဝတ်လက်နက်ကိုင်တွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာပါ။

အလားတူ ဒီနေ့မနက်မှာပဲ ရန်ကုန်မြို့ တခြားနေရာ ၂ ခုမှာ တကသ ကျောင်းသားတွေဟာ လည်း ပြောက်ကျားသပိတ်တွေ လုပ်သွားခဲ့ပါတယ်။

7 months Ago
Up