ရန်ကုန်ဝန်ကြီးချုပ်

March 30, 2020

အလုပ်ရှင်ထွက်ပြေးသွားသဖြင့် အလုပ်သမားများက ရန်ကုန်ဝန်ကြီးချုပ်ထံ အကူအညီတောင်း

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နဲ့ ရွှေပြည်သာမြို့နယ် စက်မှုဇုန်တွေမှာ အလုပ်ရှင်ထွက်ပြေးသွားလို့ ရပိုင်ခွင့်တွေဆုံးရှုံးနစ်နာခဲ့ရတဲ့ အထည်ချုပ်စက်ရုံအလုပ်သမားတွေက ဒီကနေ့ မတ်လ ၃၀ရက်က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရုံးသို့ လာရောက် အကူညီတောင်းခံ ကြပါတယ်။ Photo - Kyaw Swar Tun / MPA
1 year Ago

February 20, 2020

တိုင်ရီစက်ရုံအလုပ်သမားများ ရန်ကုန်ဝန်ကြီးချုပ်နှင့် တွေ့ခွင့်ရရန် စောင့်ဆိုင်းနေ

ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန် ၃ ရှိ တိုင်ရီစက်ရုံက အလုပ်သမား ၃၀၀ ကျော်ဟာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ တွေ့ဆုံခွင့်ရဖို့ ဖေဖော်ဝါရီ ၁၉ ရက် ည ၁၀နာရီကတည်းက ရန်ကုန်တိုင်း အစိုးရရုံးရှေ့မှာ စောင့်ဆိုင်းနေကြပါတယ်။ ဖြစ်သင့်တဲ့ အလုပ်သမားအခွင့်‌အရေးတွေ ဖြည့်ဆည်းပေးဖို့ ဝန်ကြီးချုပ်ကို တွေ့ဆုံပြီး တောင်းဆိုမယ်လို့ အလုပ်သမားခေါင်းဆောင်တွေက ပြောပါတယ်။ ဒါပေမယ့် အချိန် ၁၃ နာရီကျော်စောင့်ဆိုင်းပြီးတဲ့နောက်မှာ တွေ့ခွင့်မရတဲ့အတွက်  ကြွေးကြော်သံတွေအော်ပြီး ဆန္ဒထုတ်ဖော်တဲ့အသွင်ကို ပြောင်းလာပါတယ်။ အလုပ်သမားဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း အခွင့်အရေးတွေ ဖြည့်ဆည်းပေးဖို့နဲ့ လုံလောက်မယ့် အနိမ့်ဆုံးလုပ်ခလစာ ပြင်ဆင်သတ်မှတ်ပေးရေးကို အလုပ်သမားတွေက ကြွေးကြော်နေ ကြပါတယ်။
1 year Ago
Up