ရန်ကုန်လေဆိပ်တွင် ကျပ်သိန်း ၃၀၀၀ ကျော် တန်ဖိုးရှိ ICE မူးယစ်ဆေးများ ဖမ်းမိ

February 7, 2020

ရန်ကုန်လေဆိပ်တွင် ကျပ်သိန်း ၃၀၀၀ ကျော် တန်ဖိုးရှိ ICE မူးယစ်ဆေးများ ဖမ်းမိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ငွေကျပ် ၃၁၂၀ သိန်းတန်ဖိုးရှိ ICE မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီလ ၃ ရက်နေ့ ၅ နာရီလောက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်လေဆိပ်မှတဆင့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ကို ပို့ဆောင်မယ့် စက္ကူပုံးတွေကို စစ်ဆေးရာမှ ဖမ်းဆီးမိခဲ့တာပါ။ အဆိုပါစက္ကူပုံးအတွင်းရှိ အမျိုးသမီးလက်ကိုင်အိတ်တွေထဲကနေ ICE အလေးချိန် ၃.၉ ကီလို (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၃၁၂၀ သိန်း) အား တွေ့ရှိသိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။ စုံစမ်းဖော်ထုတ်ချက်အရ ဖေဖော်ဝါရီ ၄ ရက်နေ့၊ မွန်းလွဲ ၂ နာရီလောက်မှာ ပူးပေါင်းအဖွဲ့က ကမာရွတ်မြို့နယ်၊ ရပ်ကွက်(၁)ရှိ ---- မိုတယ်မှာ ထိုင်းနိုင်ငံသူ Ms. Bulan Pantong ၃၆ နှစ်အား ဖမ်းဆီးရမိခဲ့ပြီး မင်္ဂလာဒုံမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူပြီး ကွင်းဆက်တွေ ဖော်ထုတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။
1 year Ago
Up