ရန်ကုန်လူငယ်

August 12, 2021

ကရင်အာဇာနည်နေ့တွင် ရန်ကုန်လူငယ်များ ချီတက်ဆန္ဒပြ

သြဂုတ် ၁၂ ရက် ဒီကနေ့ကျရောက်တဲ့  ၇၁ နှစ်မြောက် ကရင်အာဇာနည်နေ့မှာ ရန်ကုန်မြို့က လူငယ်တွေက စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အနေနဲ့  လမ်းပေါ်ထွက် ငြိမ်းချမ်းစွာ ဆန္ဒပြကြပါတယ်။

ကချင်၊ ကရင်အာဇာနည်အပေါင်းနဲ့ လူမျိုးပေါင်းစုံအာဇာနည်တွေကို ဂုဏ်ပြုကြောင်းပိုစတာတွေအပြင် “အစိုးရအဆက်ဆက်မှ တိုင်းရင်းသားပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ တရားမဲ့လုပ်ရပ်တွေအတွက်  လူငယ်များမှတောင်းပန်ပါတယ်”လို့ ရေးသားထားတဲ့ ပိုစတာတွေကိုင်ဆောင် ဆန္ဒထုတ်ဖော်ပြတာဖြစ်ပါတယ်။

Photo- MPA

4 months Ago
Up