စစ်အာဏာရှင်ကို တော်လှန်ဖြုတ်ချရေးလူထုလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်တဲ့အနေနဲ့ ရန်ကုန်မြို့အနီးတဝိုက်မှာ ရှိတဲ့ ကျေးလက်နေပြည်သူတွေဟာ ကျေးလက်သုံး ယာဉ်ယန္တရားတွေကို စီးနင်းပြီး ရန်ကုန်မြို့ပေါ်ကို ဒီကနေ့ လာရောက်ဆန္ဒပြခဲ့ကြပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ဆန္ဒပြတဲ့ပြည်သူလူထုတွေနဲ့ အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေ ရန်ကုန်မြို့နေရာအနှံ့အပြားမှာ ပိုမိုအင်အားများပြားလာ နေပါတယ်။