ရန်ကုန်မြို့လယ်

A d v e r t i s e m e n t With Us

February 24, 2021

ရန်ကုန်မြို့လယ်၌ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု ဆက်လုပ်နေ

စစ်အာဏာရှင်စနစ်ဆန့်ကျင် ဆန္ဒပြနေသူတွေ မလာရောက်နိုင်အောင် ရဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်မနက်က  ရန်ကုန်မြို့လယ် ဆူးလေဘုရားဝန်းကျင်ရှိ လမ်းတွေအားလုံးကို ပိတ်ဆို့ထားပါတယ်။ 

ဒါပေမဲ့ ဆန္ဒပြသူတွေဟာ ဆူးလေဘုရားလမ်းနဲ့  ဗိုလ်ချုပ်လမ်းထောင့် ရှန်ဂရီလာဟိုတယ် ဘေးမှာ ထိုင်သပိတ်ပုံစံပြုလုပ်ပြီး စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံခေါင်းဆောင်တွေကို အမြန်ဆုံး ပြန်လွတ်ပေးဖို့ ငြိမ်းချမ်းရေးစွာ ဆန္ဒပြနေပါတယ်။ 

ဒီလိုဆန္ဒပြနေရာမှာတော့  နာမည်ကြီးအနုပညာရှင်တွေ၊  မိတ်ကပ်ပညာရှင်တချို့နဲ့ ဒီဇိုင်းနာတချို့လည်း ပြည်သူလူထုတွေနဲ့အတူ လာရောက်ပူးပေါင်းပါဝင်ခဲ့ပါတယ်။

1 week Ago

February 23, 2021

ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းဆုံကို ရဲတပ်ဖွဲ့က ပိတ်ဆို့တားဆီးထား

စစ်အာဏာရှင်ဆန့်ကျင်​ရေးအတွက် ရန်ကုန်မှာ ဆန္ဒပြသူ​တဲ့ပြည်သူတွေ ထိုင်သပိတ်လုပ်​လေ့ရှိတဲ့ ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းဆုံကို ဒီ​နေ့ ဖေဖော်ဝါရီ ၂၃ ရက် မနက်မှာ  ရဲတပ်ဖွဲ့က လုံခြုံ​ရေး အတားအဆီး​တွေနဲ့ ပိတ်ဆို့ထားလိုက်ပါတယ်။

ဆန္ဒပြသူအများအပြားစု​ဝေးရာ ရန်ကုန်မြို့ရှိ တရုတ်သံရုံးနဲ့ အ​မေရိကန်သံရုံး ​ရှေ့လမ်း​တွေအပြင် အင်ဒိုနီးရှား၊ အိန္ဒိယသံရုံး​ရှေ့​တွေမှာပါလည်း  အတားဆီးတွေ  ပိတ်ဆို့ထားတာ​တွေ့ရပါတယ်။ 

ခင်ငြိမ်းချမ်း

2 weeks Ago
More News
Up