ရန်ကုန်ပြန်ရောက်

A d v e r t i s e m e n t With Us

August 4, 2020

ဩစတြေးလျတွင် ပိတ်မိနေသည့်  မြန်မာနိုင်ငံသား  ၁၄၁ ဦး ရန်ကုန်ပြန်ရောက်  

ဩစတြေးလျနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ သင်္ဘောသားတွေအပါအဝင်  မြန်မာနိုင်ငံသား ၁၄၁ ဦးကို  ကယ်ဆယ်ရေးလေယာဉ်နဲ့ ဩဂုတ် ၃ ရက်နေ့မှာ ပြန်လည်ခေါ်ယူခဲ့ တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။  ဩစတြေးလျနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေပြီး ကိုဗစ်-၁၉ ကပ်ဘေးကာလ နိုင်ငံတကာခရီးသည်တင် လေယာဉ်တွေ ပျံသန်းမှုယာယီရပ်ဆိုင်းထားတာကြောင့် နေရပ်ပြန်ဖို့ အခက်တွေ့နေတဲ့ မြန်မာနိုင်ငံသား ၁၄၁ ဦးကို မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ကယ်ဆယ်ရေး လေယာဉ်နဲ့ ဆစ်ဒနီမြို့မှ  ပြန်လည်ခေါ်ဆောင်ခဲ့ရာ မနေ့ညက ရန်ကုန်ကို ပြန်ရောက်လာတယ်လို့ ဆိုပါတယ်။ အခုခရီးစဉ်ဟာ ဩစတြေးလျနိုင်ငံမှာ ရောက်ရှိနေခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေကို တတိယအကြိမ် ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့တဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။  ပြန်ရောက်လာသူတွေကို ကျန်းမာရေးစိစစ်ပြီး  သတ်မှတ်နေရာတွေမှာ  ၂၁ ရက်တာ အသွားအလာ ကန့်သတ် quarantine ထားရှိမှာဖြစ်ပါတယ်။ ဧပြီလကုန်မှ ဩဂုတ် ၃ ရက်မထိ ပြည်ပနိုင်ငံအသီးသီးမှာ အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၉၃၃၆ ဦးကို  ကယ်ဆယ်ရေး/ အထူးလေယာဉ်တွေနဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီး ဖြစ်တယ်လို့ အစိုးရ ထုတ်ပြန်ချက်အရ သိရပါတယ်။  ဓာတ်ပုံ- MOFA
7 months Ago

July 29, 2020

ပြည်ပတွင်ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၁၁၄ ဦး ရန်ကုန်ပြန်ရောက် 

ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၁၄ ဦးကို ဇူလိုင် ၂၈ ရက်နေ့က  အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ  မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။  နိုင်ငံတကာခရီးသည်တင် လေယာဉ်ပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့်  နေရပ်ပြန်ဖို့ အခက်တွေ့နေတဲ့ ကိုရီးယားရောက်  မြန်မာနိုင်ငံသား ၃၇ ဦး၊  အမေရိကန်၊ အီဂျစ်၊ ကနေဒါ၊ အင်ဒိုနီးရှား၊ ဘလ်ဂျီယံ၊ အီတလီ၊ ဟန်ဂေရီ၊ ဆိုက်ပရပ်၊ ဂျပန်နဲ့  ဂျာမနီရောက်  မြန်မာနိုင်ငံသား ၇၇ ဦး၊ စုစုပေါင်း ၁၁၄ ဦး တို့အား အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် (၁၅) ကြိမ်မြောက် ကိုရီးယားလေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ မနေ့ညနေက ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ရှိပါတယ်။ ပြန်ရောက်လာသူတွေကို ကျန်းမာရေးစစ်ဆေးပြီး သတ်မှတ်နေရာတွေမှာ  ၂၁ ရက်တာ အသွားအလာ ကန့်သတ်စောင့်ကြပ်ထားမှာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ပြည်ပမှာပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်၊ အထူးလေယာဉ်တွေနဲ့ အစိုးရက ပြန်လည်ခေါ်ဆောင်ပေးနေရာမှာ ဒီကနေ့အထိ  မြန်မာနိုင်ငံသားစုစုပေါင်း ၉၁၀၅ ဦးအား ပြန်လည်ခေါ်ဆောင် ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ပုံ- MOFA
7 months Ago
More News
Up