ရန်ကုန်ပြည်သူ့ဆေးရုံကြီး

A d v e r t i s e m e n t With Us

September 25, 2020

ကိုဗစ်-၁၉ လူနာ ၁၇ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၁၇၂ ဦးရှိလာ

ကိုဗစ်-၁၉ လူနာ ၁၇ ဦး ထပ်မံသေဆုံးခဲ့ပြီး ဒီနေ့ည ၅ နာရီအထိ သေဆုံးသူ စုစုပေါင်း ၁၇၂ ဦး ရှိပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ သေဆုံးသွားသူတွေကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ၁၃ ဦးနဲ့ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) က ၂ ဦးနဲ့ တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးက ၂ ဦး စုစုပေါင်း ၁၇ ဦး ဖြစ်ပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက သေဆုံးလူနာတွေကတော့ အသက် ၆၄၊ ၇၃ နဲ့ ၆၁ နှစ်အရွယ် အမျိုးသမီးတွေဖြစ်တဲ့ လူနာအမှတ် ၇၁၉၈၊ ၈၀၁၀ နဲ့ ၈၀၇၃။ အသက် ၆၅ နှစ်၊ ၇၃၊ ၆၈၊ ၈၉၊ ၇၃၊ ၆၂၊ ၄၆၊ ၅၉၊ ၈၅ နှစ်နဲ့ ၇၀ အရွယ် အမျိုးသားတွေဖြစ်တဲ့ လူနာအမှတ် ၅၉၉၁၊ ၈၀၀၈၊ ၈၀၁၆၊ ၈၀၀၇၊ ၈၀၁၂၊ ၈၀၇၇၊ ၈၀၅၀၊ ၈၀၁၇၊ ၈၀၁၈ နဲ့ ၈၀၁၉ တို့ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) မှာ ကုသနေတဲ့ အသက် ၆၂ နှစ်နဲ့ ၇၈ နှစ်အရွယ် အမျိုးသမီး လူနာအမှတ် ၃၇၄၄ နဲ့ ၅၃၃၁၊ တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးက အသက် ၅၈ နှစ်နဲ့ ၆၄ နှစ်အရွယ်အမျိုးသား လူနာအမှတ် ၂၅၃၄ နဲ့ ၄၄၀၅ တို့ ဖြစ်ပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့အတွက် လူနာသစ် ၆၈၇ ဦးစာရင်းမှာလည်း ရန်ကုန်တိုင်းက ၅၇၂ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။  ရခိုင်ပြည်နယ်က ၃၂ ဦး၊ ဧရာဝတီတိုင်းက ၃၀၊ မန္တလေးတိုင်းက ၁၈ ဦး၊ ပဲခူးတိုင်းက ၁၀ ဦး၊ စစ်ကိုင်းတိုင်းက ၈ ဦး၊ မွန်ပြည်နယ်က ၁၀ ဦးနဲ့ နေပြည်တော်က ၂ ဦးတို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈၅၁၄ ဦးနဲ့ သေဆုံးသူ ၁၇၂ ဦး ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ညနေ ၅ နာရီ ထုတ်ပြန်ထားပါတယ်။
5 months Ago

September 14, 2020

ရန်ကုန်ဆေးရုံကြီး အထူးကုပြင်ပလူနာများကို အ.ထ.က (၂) လသာတွင် ကုသပေးနေ

ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာတွေကို စက်တင်ဘာ ၁၄ ရက်က စတင်ပြီး အ.ထ.က (၂)  လသာ ကျောင်းဝင်းထဲမှာ ပြောင်းရွှေ့ဖွင့်လှစ်ပြီး ဆေးကုသမှု ပေးနေပါတယ်။  လက်ရှိမှာ အထူးကုဌာနတစ်ခုစီမှာ တစ်နေ့ လူနာ ၅၀ သာ လက်ခံကြည့်ရှုပေးနေပြီး လူနာအသစ် လာရောက်ပြသမယ်ဆိုရင်တော့ သက်ဆိုင်ရာဆေးရုံ ၊ ဆေးခန်းတွေဆီက လွှဲစာနဲ့ လက်ခံပေးနေတယ်လို့ သိရပါတယ်။  အရေးပေါ်လူနာ လာရောက်ပြသရင်တော့ အရေးပေါ်ဌာနမှာ ၂၄ နာရီ ကြည့်ရှုပေးနေပါတယ်။  အစာအိမ်နဲ့ အူလမ်းကြောင်းဌာန ၊ အထွေထွေခွဲစိတ်ဌာန (၂) ၊ ဦးနှောက်နဲ့ အာရုံကြောဆေးကုဌာန ၊ စိတ်ကျန်းမာရေးဌာန ၊ ကိုယ်ဝန်ဆောင်ဆီးချိုကုဌာန ၊ ဟောမုန်းရောဂါကုဌာနနဲ့ အတက်ရောဂါကုဌာနတွေကို အ.ထ.က (၂) လသာ ကျောင်းဝင်းထဲကို ပြောင်းရွှေ့ကုသပေးနေပြီး ပြသရမယ့် နေရက်တွေနဲ့ အချိန်တွေကိုပါ ပူးတွဲဖော်ပြထားပါတယ်။  ဒီကနေ့ လာရောက်ပြသတဲ့လူနာတွေကို သက်ဆိုင်ရာဂိတ်ပေါက်မှာ အပူချိန်တိုင်းတာတွေ လုပ်ဆောင်​ပြီး လူနာတစ်ဦးသာ ကျောင်းဝင်းထဲ ဝင်ရောက်ရတာဖြစ်ပြီး သွားလာဖို့ မလွယ်ကူတဲ့ လူနာဆိုရင်တော့ လူနာရှင်တစ်ဦးက လိုက်ပါပို့ဆောင်ပေးရပါတယ်။ သတင်း-နန့်ခိုင်
6 months Ago
Up